
From:ypi
သာသနာရေး ဦးစီးဋ္ဌာနက ဟဂ်ျလုပ်ငန်း ၁၀ ဦးကော်မတီဟု ခေါ်ဝေါ်သည့် ကုမ္ပဏီ ၁၀ ခုကိုသာ နှစ်စဉ် လုပ်ပိုင်ခွင့် ပေးသည့်အပေါ် မကျေနပ်သဖြင့် သာသနာရေး ပြည်ထောင်စု ၀န်ကြီးအား အစ္စလာမ်ဘာသာဝင်အချို့ က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ဟဂ်ျ ဘုရားဖူး ခရီးစဉ်အတွက် ဆော်ဒီ ဗီဇာရယူခွင့်ကို မြန်မာနိုင်ငံ သာသနာရေး ဦးစီးဋ္ဌာနက အသိ အမှတ်ပြုထားသည့် ၁၀ ဦးကော်မတီကသာ ရယူပေးခွင့်ရှိပြီး ယင်းသို့ဗီဇာ ရယူပေးခြင်း အတွက် ငွေကြေး ပေးနေရခြင်းနှင့် ဘုရားဖူးများ ဗီဇာမရသည့် အခက်အခဲ ကြုံတွေ့နေရသည်ဟု ဆန္ဒထုတ်ဖေါ်သူများ ပြောသည်။ ထို့ကြောင့် ယင်းဗီဇာရယူခွင့်ကို ၁၀ ဦးကော်မတီ လက်ထဲမှ အစ္စလာမ်သာသနာရေး ခေါင်းဆောင်များ လက်သို့ လွှဲပြောင်းပေးရန် ယနေ့ နေ့လည်ပိုင်းက ကမ္ဘာအေး သာသနာရေး ဦးစီးဋ္ဌာနတွင် သွားရောက်ညှိနှိုင်းသော်လည်း အဆင်မပြေဖြစ်ရာမှ ယခုကဲ့သို့ ဆန္ဒထုတ်ဖေါ်ကြခြင်း ဖြစ်သည်။
Time in Rangoon

0 comments:
Post a Comment