
From:popular
မန္တလေး အောင်မြေသာဇံမြို့နယ် ညောင်ကွဲရပ် ယနေ့နံနက် ၈နာရီခွဲက ပေါက်ကွဲမှုကြောင့် အသက် ၃နှစ် ခွဲအရွယ်ကလေးတစ်ဦးနှင့် အသက် ၂၆နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။“ဖြစ်တာကတော့ မနက် ၈နာရီခွဲလောက်မှာဖြစ်တာ ၊မီးခိုးလုံးတွေမဲပြီးတော တတ်လာတယ် အသံလည်း တော်တော်ကျ ယ်တယ်၊ကားဘီးပေါက်တဲ့အသံထက် ကို ကျယ်တယ်၊ကျွန်တော်လည်းပထမတော့လန့်သွားတယ်”ဟု ၄င်းရပ်ကွက်နေ ဦးဝင်းညွန့် ကပြောသည်။ ၄င်းပေါက်ကွဲမှုသည် ဒဏ်ရာရရှိခဲ့သော ကလေး၏ နေအိမ် ဘေးမြေကွက်လပ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။“ဒဏ်ရာရရှိတဲ့ကလေးကတော့ စိုးရိမ်စ ရာမရှိဘူးလို့ ကြားတာပဲ”ဟု၎င်း ကပြောသည်။ထို့အပြင် အဆိုပါ ကလေးမှာလည်ပင်းတစ်ချက်ပဲထိသ ည်ဟု ကြား ရကြောင်း နှင့် အမျိုးသားမှာ လက်ကောက်ဝတ်ထိသွားကြောင်း ၄င်းကပြောသည်။အဆိုပါနေရာတွင် နေထိုင်သူ အများစုသည် မန္တလေးမြို့အနှံလျှောက်၍ပလတ်စတစ်များကောက်ကာပလတ်စတစ်များကိုဒိုင်တွင်ပြန်လည်ရောင်းချ ရန်အတွက် ဗူးခွံများ စုဆောင်းရာမှ ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒဏ်ရာရရှိသော ကလေးအား မန္တလေး မြို့ပြည်သူ့ဆေးရုံကြီးတွင်ပို့ထားပြီးအဆိုပါ ပေါက်ကွဲမှုကို တာဝန်ရှိသူများမှ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
မန္တလေး အောင်မြေသာဇံမြို့နယ် ညောင်ကွဲရပ် ယနေ့နံနက် ၈နာရီခွဲက ပေါက်ကွဲမှုကြောင့် အသက် ၃နှစ် ခွဲအရွယ်ကလေးတစ်ဦးနှင
Time in Rangoon

0 comments:
Post a Comment