လွှတ်တော်အမတ်များ ကိုယ်တိုင် ရေးသားသည့် လွှတ်တော် သတင်းများနှင့် ဆွေးနွေးချက်များ
ပါဝင်မည့် လွှတ်တော်ဂျာနယ် ထုတ်ဝေနိုင်ရန် စာမူများ တောင်းခံထားသည်ဟု သိရှိရသည်။ “လွှတ်တော်ထဲမှာ
စာမူ တောင်းပါတယ်။ ဆောင်းပါးလို့ပဲ ပြောတော့ ကိုယ်စားလှယ်တွေ ကိုယ်စိတ်ဝင်စားရာ ရေးလို့ရမယ်
ထင်ပါတယ်။ အန်တီ ထင်တာတော့ လွှတ်တော်တွင်း သတင်းတွေ၊ အခြား သိမှတ်ဖွယ်ရာတွေ ပါမယ်ထင်တယ်”
ဟု အမျိုးသားလွှတ်တော်အမတ်ဒေါ်ခင်ဝိုင်းကြည်ကမဇ္ဈိမကိုပြောသည်။
၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ဆန်းထိ ပါလီမန် ခေတ်များအတွင်း ပြန်တမ်းပုံစံ ပါလီမန် စာစောင်များလည်း ထွက်ရှိခဲ့ ဖူးပြီး ယခုတဖန် ထွက်ရှိမည့် လွှတ်တော်ဂျာနယ်တွင် လွှတ်တော် စတင်ခေါ်ယူစဉ်က မှတ်တမ်းများလည်းပါဝင်မည်ဟုလည်း ပြည်သူ့လွှတ် တော်အမတ်ဦးသိန်းညွှန့်ကပြောသည်။ “လွှတ်တော်က ဂျာနယ်ထွက်မှာကို ကြိုဆိုပါတယ်။ အရင်ခေတ် တုန်းကလည်း ပါလီမန် စာစောင်ဆိုတာ ရှိခဲ့တာပဲ။ ကျနော့်အမြင်ကတော့ အခု စတုတ္တ အကြိမ် လွှတ်တော် စနေချိန်မှာ ဒုတိယ၊ တတိယက မှတ်တမ်းတွေလည်း ထွက်စေချင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ လွှတ်တော်အမတ် များအနေနှင့် စာမူများကို သြဂုတ်လ ၁၇ နေ့ နောက်ဆုံးထား ပေးပို့ရန် လွှတ်တော်ရုံးမှ တောင်းခံထားသည်။ အလားတူပင် ပြည်သူများ၏ လိုလားချက်များနှင့် လွှတ်တော်အတွင်း ဆွေးနွေးစေလိုသည့် အကြောင်းအရာများကို အကြံပြုနိုင်ရန် ‘ပြည်သူ့လွှတ်တော်’ အင်တာနက် စာမျက်နှာမှ တဆင့် စီစဉ်လျက်ရှိနေသည်။ သို့သော် ဆက်သွယ်ရေး ခက်ခဲသည့် တိုင်းရင်းသား ဒေသများ အတွက်မူ ယင်းအစီအစဉ်သည် ထိရောက်မည့် အစဉ်မဟုတ်ဟု တိုင်းရင်းသား လွှတ်တော်အမတ်များက ဝေဖန်ကြသည်။
Time in Rangoon

0 comments:
Post a Comment