Friday, October 19, 2012

မြန်မာ့ဆက်သွယ်ရေး ADSL အင်တာနက် တပ်ဆင်ခ ၁၂ ဆလျော့ချပြီ

Posted by drmyochit Friday, October 19, 2012, under | No comments



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက် (တယ်လီဖုန်းလိုင်း အ သုံးပြုသည့် မြန်နှုန်းမြင့် အင်တာနက် စနစ်) စတင် တပ်ဆင် ခနှုန်းကို ၆ သိန်းကို ကျပ် ၅သောင်းအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖေါ်ပြထား သည်။ မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီ ပို့နှင့် Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက် များ၏ ဈေးနှုန်းလျော့ ချမည် မချမည်ကိုမူ မသိရှိရသေးပါ။ ယခင် လစဉ်ကြေး ၆ သိန်းကျသင့် သည့်စတင် တပ်ဆင် ခကို နှုန်းထားသစ် တွင် ကျပ် ၅ သောင်းသို့၎င်း၊ ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့ ၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများ အကြား အမြင့်ဆုံးသော နှုန်းထားဖြစ် သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေး အဖြစ် ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။ တဦးချင်း ၀င်ငွေမြင့်မား သည့်ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိ ကန်ပြည်ထောင်စု တွင် ADSL အင်တာနက်လစဉ်ကြေးမှာ တလ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်