Friday, October 19, 2012

မနက်ဖြန် ကျောက်ဖြူ၊ ရမ်းဗြဲ OIC ကို ဆက်လက် ဆန္ဒဖော်ထုတ်မည်

Posted by drmyochit Friday, October 19, 2012, under | No comments



ရခိုင်ပြည် ကျောက်ဖြူမြို့တွင် မနက်ဖြန် ၂၀.၁၀ ၁၂ နေ့ တွင် OIC အလိုမရှိ၊ ၁၉၈၂ခု မြန်မာနိုင်ငံသား အက်ဥ ပဒေ ကိုလေးစားလိုက်နာပါဆိုပြီး စာသားပါအင်္ကျီ ကို ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ပွဲပြု လုပ်သွား မည်ဖြစ် သည်။
နေ့လည် ၁နာရီတွင် ကျောက်ဖြူမြို့ ရွှေသာလျှောင်းဘုရားကြီး မှ စုဝေးပြီး ဘုရားကြီးလမ်းဈေး လမ်းပြန် ကြား ရေး ခွဆုံ၊ မြို့နယ်ပညာရေးမှုးရုံးရှေ့၊ဗိုလ်ချုပ်လမ်း အတိုင်းချီတက်ကာ အလယ်ပိုင်းရပ် နာရီစင်ကွင်း တွင်အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။ဆန္ဒဖော်ထုတ်ပွဲသို့ လိုက်ပါမည့် သူများ အနေဖြင့် OIC အလို မရှိ အင်္ကျီကို အခမဲ့ဖြန့်ဝေပေးမှာဖြစ်ပြီး ဆန္ဒပြရာတွင် လိုက်ပါမည့်သူများ နွေနေပူပူ တွင် အမောပြေစေ ရန် ရေသန့်ဘူး၊ အချိုရည်ဘူးများကို ဒေသခံပြည်သူများ ပေးလှူသွားမည်ဖြစ်ကြောင်း သိရ သည်။

တဆက်စပ်တည်း ရမ်းဗြဲမြို့နယ်တွင် လည်း OIC ကိုဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် OIC ကို ကန့်ကွက်ဆန္ဒပြပွဲကို အောက်တိုဘာ ၁၅ရက်နေက ပြုလုပ်ရန် စီစဉ်ထားသော်လည်း အာဏာပိုင်များ ခွင့်ပြုချက် မရသောကြောင့်အောက်တိုဘာ ၂၀ ရက်သို့ စီစဉ်ပြုလုပ်ရခြင်းဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်