Friday, October 19, 2012

ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု

Posted by drmyochit Friday, October 19, 2012, under | No comments



ကချင်ပြည် နယ်ရှိ စစ်ဘေး ဒါဏ်သင့်ပြည် သူများအတွက် ရန်ကုန်တောင် ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ မှ ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများ သီဆို၍ အလှူငွေများ လိုက်လံကောက် ခံခဲ့ကြ ပါသည်။ အလှူငွေကောက်ခံမှုကို သန်လျင်မြို့ နယ် အတွင်းရှိ လူစည်ကားသည့်လက်ဖက်ရည်ဆိုင်များ၊စားသောက်ဆိုင် များနှင့် ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ (ရတကသ)မှ ကျောင်းသား(၂၁)ယောက်ဖြင့် လိုက်လံကောက်ခံ ခဲ့ကြခြင်းဖြစ်ပါသည်။သီချင်းများ သီဆို အလှူခံထွက်ရင်း တပြိုင်နက် (ရတကသ)မှ ပြည်တွင်းစစ် ရပ်စဲ၍ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန် တောင်းဆို သည့် ကြေငြာချက်များကိုလည်း ဖြန့် ဝေခဲ့ကြပါသည်။ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသား များသမဂ္ဂ (ရတကသ)မှ အလှူခံရရှိသော ငွေကျပ်၃၁၀၀၀၀ကျပ် (သုံးသိန်း တစ်သောင်းကျပ်)နှင့် လှူဒါန်းကြ မည်ဖြစ်သည်။ ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊၀ါးခယ်မမြို့နယ်ကျောင်းသားများသမဂ္ဂမှ အလှူခံ ရရှိသော အလှူငွေတစ်သိန်းငါးသောင်း၊ရွှေလောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှ အလှူခံရရှိသော အလှူငွေလေးသောင်းကျပ် စုစုပေါင်းအလှူငွေငါးသိန်းကျပ်ကို ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကျောင်းသား များသမဂ္ဂသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဗန်းမော်ခရိုင် ကျောင်းသားများသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ၊အလှူငွေ လက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂသို့  ပြန်လည်ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန်အလို့ ငှာ ဖော်ပြ အပ်ပါသည်။ လှူဒါန်းခဲ့ကြသောအလှူရှင်များအား ရန်ကုန်တောင်ပိုင်း ခရိုင် ကျောင်းသား များသ မဂ္ဂ(ရတကသ)မှ ကျောင်းသားကျောင်းသူများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေး ပါသော ဗန်းမော်ခရိုင် ကျောင်းသားများသမဂ္ဂအား ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသား သမဂ္ဂမှ ကျေးဇူးအထူးတင်ရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်