Friday, October 19, 2012

အများပိုင်နည်းပညာကုမ္ပဏီတစ်ခုတည်ထောင်နိုင်ရန် ပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကြိုးပမ်းနေ

Posted by drmyochit Friday, October 19, 2012, under | No comments



အများပိုင်ကုမ္ပဏီ တစ်ခုအနေဖြင့် ပြည်တွင်း ကွန်ပျူတာပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်တွင်းကွန်ပျူတာ လုပ်ငန်းရှင်များမှ သိရသည်။ ယင်း အများပိုင် ကုမ္ပဏီသည် ယခုအချိန်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းအထိ ပြုလုပ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA)မှ အသင်း ဝင် အများစု ပါဝင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်း ဦးက ပြောသည်။ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (MCIA) အသင်းဝင် ကုမ္ပဏီများမှ စိတ်ဝင်စားသည့် Founding Member (၈၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ဖြစ်ကာ ယင်းအများပိုင် ကုမ္ပဏီတွင် ကနဦးအနေဖြင့် အနိမ့်ဆုံး ကျပ်သိန်း ၁၀၀ နှင့် BOD (Board of Director) အရည်အချင်း သတ်မှတ်ချက်အရ အနိမ့်ဆုံးကျပ်သိန်း ၂၀၀ သတ်မှတ် ထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ ဦးမင်းဦးက ပြောသည်။ “အများပိုင် ကုမ္ပဏီ အနေနဲ့ အိုင်စီတီ ကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များကို လုပ်ကိုင်ရန် ရည်ရွယ် ထားပါတယ်” ဟု ၎င်းက ပြောသည်။ BOD အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမင်းဦးက BOD အဖွဲ့ဝင် ကိုးဦးကို တည်ထောင်သည့် အစုရှယ်ယာရှင်(၈၅) ဦးမှ လျှို့ဝှက်မဲစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အများပိုင် ကုမ္ပဏီ မှတ်ပုံတင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။ မြန်မာနိုင်ငံ ကွန်ပျူ တာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက “BOD အဖွဲ့ရဲ့ ဥက္ကဋ္ဌကို ဒါရိုက်တာ အဖွဲ့ဝင် ကိုးဦးမှ တစ်ဦးကို ရွေးချယ် တင်မြောက်သွားမှာ ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီမှတ်ပုံတင်နဲ့ လုပ်ငန်း စတင်ဆောင်ရွက်ခွင့် ရရှိပြီးတာနဲ့ တရားဝင် ကြော်ငြာပြီး အစုရှယ်ယာများကို ရောင်းချပေး သွားမှာပါ” ဟု ပြောသည်။ အစုတစ်စုကို ကျပ်တစ်သောင်းဖြင့် ရောင်းချသွားရန် အစီအစဉ်ရှိပြီး BOD ဖြစ်နိုင်ရန် အတွက် အစု ၂,၀၀၀ ရှိလျှင် ဖြစ်နိုင်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်