Friday, October 19, 2012

စစ်တွေတွင် တက္ကသိုလ်ကျောင်းသား(၃)ဦး ဆိုင်ကယ်တိုက်၍ ဒဏ်ရာပြင်းထန်စွာရ

Posted by drmyochit Friday, October 19, 2012, under | No comments



စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသား(၃)ဦး ပွိုင့်ကမ်းခြေမှအပြန် ကမ်းနားလမ်း၌ မနေ့ညနေ (၇)နာရီ (၁၅) မိနစ်တွင် ပလက်ဖောင်းကို ဆိုင်ကယ်တိုက်မိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သတင်းရ ရှိ သည်။
ဒဏ်ရာ ရရှိထားသော တက္ကသိုလ်ကျောင်းသား(၃)ဦးကို ကူညီလုပ်ဆောင်ပေးသော ရခိုင်ပြည်ကျောင်း သားသ မဂ္ဂ ဥက္ကဌ ထူးလင်းသူက ပြောသည်။
" သူတို့အားလုံးက ဆိုင်ကယ်တစ်စီးတည်း အတူတူစီး၍ ပလက်ဖောင်းကိုတိုက်ပြီး ဆိုင်ကယ်မှောက်ကြ တာပါ။ နှစ်ယောက်ကတော့ ချောက်ထဲကျသွားတယ်။ ကျန်တစ်ဦးကတော့ လမ်းမပေါ်မှာ ကျန်နေခဲ့တယ်။ GTC ကျောင်း သားနှစ်ဦးနှင့် အဝေးသင်ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ " ဟု ပြောသည်။
GTC ကျောင်းသားနှစ်ဦးမှာ ဇာနည်ကျော်ဝင်း(ပထမနှစ်)နှင့် အောင်ပြည့်ခန့်(ပထမနှစ်)တို့ဖြစ်ပြီး အဝေးသင်ကျောင်း သားတစ်ဦးမှာ နိုင်လင်းဦး(အင်္ဂလိပ်စာ ဒုတိယနှစ်)ဖြစ်သည်။ သူတို့အားလုံးမှာ မင်းပြားမြို့ပေါ်မှ ဖြစ်ကြောင်း သိရသည်။
" ကိုဇာနည်ကျော်ဝင်းကတော့ ခြေထောက်ကျိုးသွားပြီး ဒူးဆစ်လွဲသွားပါတယ်။ ကိုအောင်ပြည့်ခန့်ကတော့ ခေါင်းနည်းနည်း ထိသွားပြီး ကျန်နေတဲ့ စာမေးပွဲကို ဆေးရုံမှာပဲ ဆက်လက်ဖြေနေပါတယ်။ နိုင်လင်းဦး ကတော့ မနေ့ည ဆိုင်ကယ်တိုက်ချိန်မှ အခုအချိန်ထိ သတိမရဖြစ်နေပါတယ်။
မနေ့ည ကပင် သူတို့အစ်မတွေ၊ သူတို့နေအိမ်မှ အဒေါ်တွေ၊ ဦးလေးတွေ၊ သူငယ်ချင်းတွေပါ လာပြီးစောင့် အိပ်ပေးကြ ပါတယ်။ " ဟု ဆက်လက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဌ ထူးလင်းသူက ဆက် လက်ပြောသည်။
ယင်းတက္က သိုလ်ကျောင်းသား(၃)ဦးကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အစစအရာရာအားလုံးကို ကူညီလုပ်ဆောင်ပေးနေကြောင်း သိရသည်။
စစ်တွေကမ်း နားလမ်းမှာ အိန္ဒိယနိုင်ငံ အာဆာကုမ္ပဏီမှ ကုန်တင်ကားကြီးများ သွားရန်ပြုလုပ်ထားသော လမ်းဖြစ်ပြီး ယင်းလမ်းအပေါ်တွင် ဘီးများကို ချော်လဲသွားနိုင်တဲ့ သဲများဖုံးလွမ်းနေသောကြောင့် အခုလို ဆိုင်ကယ် ဘီး ချော်လဲသွားတဲ့အတွက် ပလက်ဖောင်းကိုတိုက်မိပြီး မှောက်သွားရာကနေ ဒဏ်ရာရရှိ တာဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်