Friday, October 19, 2012

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဖားကန့် တွင် ၆ ဦး သေဆုံး

Posted by drmyochit Friday, October 19, 2012, under | No comments



ကချင်ပြည်နယ်ပြည် ဖားကန့်မြို့နယ်ေ
မှာ်မောင်ကုန်းရွာမှာ မနေ့ ညက
လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဆယ်အိမ်မှူးအပါအဝင်ယခင်ကစစ်ပွဲကြောင့်သေဆုံးခဲ့သူတစ်ဦးရွာသား ၆ ဦးသေဆုံးပြီး ၅ ဦး အပြင်း အထန် ဒဏ်ရာရရှိသွားပါတယ်။
မှော်မောင် ကုန်းကျေးရွာ ဘက်ကို အစိုးရ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာ ၂ ရက်လောက် ရှိပြီဖြစ်ပြီး မနေ့ည ၁၀ နာရီကျော်လောက်မှာတော့ဆယ်အိမ်မှူး တိုးအောင်အိမ်မှာ လက် နက်ကြီး ကျေရာက်ပေါက်ကွဲပြီး အခုလိုရွာသားတွေ ထိခိုက်သေဆုံးရတာလို့ ဖားကန့်မြို့  ခရစ်ယာန် သင်းအုပ် ဆရာနော်ဂျာက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ အစိုးရတပ်ဗျူဟာကေန လက်နက်ကြီးတွေနဲ့ ၂ ညရှိပြီ။ည ၁၀ နာရီ ၁၅ ကေနစပြီး လက်နက်ကြီးနဲ့ ထုတဲ့အချိန်မှာ အရပ်သား ၆ ယောက်သေသွားပြီ။ ဒဏ်ရာရ သူက ၅ ယောက်။ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ထုတာ။”
သေဆုံး ဒဏ်ရာ ရသွား သူတွေဟာ မြကာသေးခင်ကမှ ဖားကန့်မြို့ ဒုက္ခသည်စခန်းမှာနေထိုင်ပြီး ရွာပြန် သွားသူတွေဖြစ်ပါတယ်။ ဆေးရုံပေါ်မှာ ကုသေနရတဲ့သူ ၅ ဦးဟာပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထား တယ်လို့ လည်း သင်းအုပ်ဆရာက ပြောပါတယ်။


အစိုးရ တပ်တွေအနေနဲ့ ဘာကြောင့် ရွာကို ပစ်ခတ်တိုက်ခိုက်ရလဲဆိုတာကို မသိပေမယ့် အဲဒီဒေသ တဝိုက် မှာ ကချင်လွတ် လပ်ရေးတပ်မေတာ် (ကေအိုင်အေတပ်)တွေ နေရာချထားတာ ရှိတယ်လို့ ဖားကန့်မြို့ နယ်မှာ တာဝန်ကျတဲ့ ကေအိုင်အေ စစ်ကြောင်းမှူးတဦးက ပြောပါတယ်။

“ကချင်ရွာတွေထဲ လက်နက်ကြီးတွေနဲ့ ထုတော့ ရွာသားတွေ ထိသွားတာ။ သူတို့ ဘယ်လို စိတ်ကူးပေါက်ပြီး ထုကြ တာလဲမသိဘူး။ ရွာသားတွေလည်း အကုန်လုံး လာနေကြတာ သိလျက်နဲ့ သူတို့ထုတာ။ သူတို့ ခံယူချက် ကို သဘောမပေါက်ဘူး။ သူတို့ လုပ်တာ နားလည်း မလည်ဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း ဖားကန့်မြို့ နယ် ​၅ ​မိုင်စခန်းမှာ ​ဗုံးတလုံး ​ပေါက်ကွဲ ခဲ့တဲ့အတွက်​နဝမ တန်းကျောင်း သူတ ဦးနဲ့ ဖခင်ဖြစ်သူ​တို့ ဒဏ်ရာရပြီး ​မြစ်ကြီးနား ဆေးရုံမှာ အေရးပေါ်​ဆေးကုသမှု ​ခံယူနေရ တယ်လို့ သိရပါတယ်။

မြန်မာ အစိုးရ တပ်တွေနဲ့ ကေအိုင်အေ​ တပ်ဖွဲ့တွေဟာ ​မနှစ် ​ဇွန်လကစလို့ ​နှစ်ဖက်​အပြန်အလှန် ပစ်ခတ်​တိုက်ခိုက်မှု တွေဖြစ်ပွားခဲ့တာပါ။ အောက်တိုဘာ လဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ နည်းပါးသွားပြီး ခုရက် ပိုင်း သေနတ်သံတွေ ပြန် ​ကြားနေရတာလို့  ဖားကန့်မြို့ ခံတွေက ပြောပါတယ်။

ခုရက်ပိုင်း အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လဆန်းပိုင်းကဖားကန့်ဒုက္ခသည်စခန်းကနေ ပြန်သွားတဲ့ ရာနဲ့ချီတဲ့ ရွာသားတွေဟာ ဒီမနက် ဖားကန့်မြို့ ပေါ်ပြန် လည်ခိုလှုံလာတယ်လို့ ဆရာနော်ဂျာက ပြောပါ တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်