Friday, October 19, 2012

တက္ကသိုလ်ဝင်တန်းမေးခွန်း လွှတ်တော်၌သာ အတည်ပြုမည်

Posted by drmyochit Friday, October 19, 2012, under | No comments


တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။ ''လက်ရှိ အတိုင်းပဲ သွားမှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ် ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမ အကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပြု လုပ်သွားဖွယ်ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။ နိုင်ငံ တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကို တစ်နိုင်ငံလုံး တွင် ယခင်က တစ်စုံတည်းထုတ်၍ စစ်ဆေး မှုပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အပါ အဝင် နိုင်ငံခြားစာ စစ်ဌာနမေးခွန်း ၁၁ စုံထုတ်ခြင်း တို့နှင့်အတူ ဝိဇ္ဇာ၊ သိပ္ပံနှင့် ဝိပ္ပံ ဘာသာရပ် ခွဲခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတစ်ဦးက ထိုစဉ် အချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်၍ မည်သို့သောမူဝါဒကို အခြေခံကာ ဆောင်ရွက်ခဲ့သည်ကို သေချာမ ပြောနိုင်သော်လည်း မေးခွန်းအစုံ များခြင်းကြောင့် မေးခွန်းလွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု မရှိခြင်းတို့ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ ပြော သည်။ သို့သော်မေး ခွန်းများခြင်း ကြောင့် မေးခွန်းလုံခြုံမှုတွင် ပို၍ စိတ်ချရ ကာ ပေါက်ကြားရန် ခက် သည်ဟု တွဲဖက် ပါမောက္ခက ထပ် လောင်း ဆိုသည်။ ရန်ကုန် တက္ကသိုလ်က ကထိ က ဒေါက်တာတစ်ဦးကမူ လွှတ် တော် တွင် ဆွေးနွေးရန် အစီအစဉ် ရှိမှုကိုကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံတွဲခြင်း၊ ခွဲခြင်းကိုမူ ဝါရင့်တက္ကသိုလ်ဆရာ အချို့ က စင်ကာပူကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် အင်္ဂလန်GCE 'O' Level ကဲ့သို့သော စာမေးပွဲမေးခွန်း တို့ကို အခြေပြုကာ ၄င်းတို့လည်းခွဲထားသည်ကို ကြည့် ခြင်းဖြင့်ခွဲသည်က ကောင်းသည်ဟု မှတ်ချက်ပြု သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်