Friday, October 19, 2012

OIC ကန့် ကွက်ဆန္ဒပြပွဲနှင့် သမ္မတ ဦးသိန်းစိန် ထောက်ခံပွဲ တောင်ကုတ်တွင် ပြုလုပ်

Posted by drmyochit Friday, October 19, 2012, under | No comments


ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွင်ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့လည် ၁၁ နာရီခွဲတွင် OIC အစ္စလာ မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့် ကွက်ဆန္ဒ ထုတ်ဖော်ပွဲ နှင့် သမ္မတ ဦးသိန်းစိန်အစိုးရအား ထောက်ခံကြိုဆိုပွဲတရပ်ကို ရခိုင်လူမှုကွန်ယက်အသင်း (တောင်ကုတ်)က ဦးဆောင်၍ လူပေါင်း ၂၀၀၀ နီးပါးခန့်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရ ရှိသည်။

ပထမတွင် OIC ကို ဆန့် ကျင်ကန့်ကွက်ဆန္ဒပြမည်ဟု စီစဉ်ခဲ့သော်လည်း အိုအိုင်စီ ရုံးဖွင့်လှစ်ရေး ကိစ္စနဲ့ ပတ်သက် ၍ရဟန်းသံဃာများနှင့် ပြည်သူတွေကဆန့်ကျင်ဆန္ဒပြပွဲများကို မြန်မာတစ်နိုင်ငံလုံးနီးပါး ပြုလုပ်ပြီးနောက် နိုင်ငံတော် သမ္မတရုံးမှ အိုအိုင်စီရုံးခန်းများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည် မဟုတ်ကြောင်း ကို သတင်းထုတ်ပြန်ပြီးသည့်နောက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်အစိုးရကိုပါ ထောက်ခံသည့်အနေနဲ့ ထာက်ခံကြို ဆိုပွဲကို တပြိုင်တည်း ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရခိုင်လူမှုကွန်ယက်အသင်း(တောင်ကုတ်)မှ ကိုကျော်ကျော် လင်းက အာရကန်တိုင်းစ်သို့ ယခုလိုပြောကြားသည်။

"ကျနော်တို့ ကြိုတင်စီစဉ်ထားတာက OIC မြန်မာနိုင်ငံအတွင်း ရုံးစိုက်မယ့်ကိစ္စကို ဆန့် ကျင် ကန့် ကွက်ဖို့ အတွက်ပါ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သမ္မတရုံးက အိုအိုင်စီ ရုံးခန်းများ မြန်မာနိုင်ငံမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြော်ငြာလိုက်တဲ့အခါ ကျနော်တို့ စီစဉ်ထားတဲ့ ကိစ္စကိုဆက်လုပ်ဖို့ အခက် အခဲကြုံသွားရတဲ့အတွက် ခုလိုဆန္ဒဖော်ထုတ်ပွဲဟာ နိုင်ငံတော်အစိုးရရဲ့ ကြော်ငြာချက်ကိုပါ ကြိုဆိုထောက် ခံတဲ့ အနေနဲ့  ပြုလုပ်ရတာပါ" ဟု သူက ပြောကြားသည်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ ဒီမိုကရေစီနှင့် ကောင်းသော အနာဂတ်အပြောင်းအလဲကို ပြည်သူလူထု ဆန္ဒနဲ့အညီ ဖော်ဆောင်နေတာကြောင့် အများပြည်သူရဲ့ တောင်းဆိုချက်ဆန္ဒများနဲ့ အညီ အကောင် အထည် ဖော်ပေးလိမ့်မည် သူ ယုံကြည်ကြောင်းလည်း ကိုကျော်ကျော်လင်းက ပြောဆိုသည်။

ဆန္ဒပြပွဲနှင့်ထောက်ခံကြိုဆိုပွဲကို အာဏာပိုင်များ၏ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီးခွင့်ပြုမိန့်ထဲတွင် လူထု အင်အား ၂၀၀ ခန့် သာ ခွင့်ပြုထားခြင်းကြောင့် နယ်ဘက်ကျေးရွာများမှ လူထုများအား အသိပေး တိုက်တွန်းနှိုးဆော် မှုမှုများမရှိခဲ့ကြေင်း၊ ဆန္ဒဖော်ထုတ်ပွဲကို ဖောင်တော်ဦးဘုရားတွင် နေ့ လည် ၁၁ နာရီခွဲ တွင် စတင်စုဝေး၍ ဆိုင်းဘုတ်များ၊လက်ကိုင်ပိုစတာများ၊ အိုအိုင်စီကို ဆန့် ကျင်ကန့် ကွက်သည့် အမှတ်တံ ဆိပ်ပါတီချပ်အင်္ကျီများနှင့် ရခိုင်အရေးသည် ပြည်ထောင်စုအရေး၊ရခိုင်ပြည်နယ်ကိုကာကွယ်ပါ စသည့်စာ တန်းပါ တီချပ်အင်္ကျီများကိုလည်း ၀တ်ဆင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြကြောင်း ကိုကျော်ကျော်လင်းက အခုလိုဆက်လက်ပြောကြားသည်။


"ခွင့်ပြုမိန့် ကျလာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက လူထုအင်အား ၂၀၀လောက်ပဲ ခွင့်ပြုပါတယ်၊ တစ်ချို့ နယ်ဖက်တွေက ဆန္ဒထုတ်ဖော်ချင်ကြတဲ့လူတွေရှိပေမဲ့ ကျနော်တို့ ကမ်းလှမ်း တိုက်တွန်းမှုတွေ မလုပ်နိုင် ခဲ့ပါဘူး၊ ကျနော်တို့ ကန့် သတ်လူဦးရေ၂၀၀ လောက်ကို တောင်ကုတ်မြို့ မြို့ မဈေးအနီးရှိ ဖောင် တော်ဦး ဘုရားနားမှာ နေ့ ခင်း ၁၁ နာ နာရီမှာ စစုပြီးတော့ ကျနော်တို့ လူ ၂၀၀လောက်က အိုအိုင်စီကို ဆန့် ကျင်ကန့် ကွက်တဲ့ အမှတ်တံဆိပ်ရယ် ရခိုင်အရေးသည် တိုင်းရင်းသားအရေး၊


ရခိုင်ပြည်ကိုကာကွယ်ပါ လို့ စာတန်းရေးထိုးထားတဲ့ တီချပ်အင်္ကျီတွေကိုဝတ်ဆင်ကြပြီးတော့ မြို့ ထဲသို့ လှည့် လည် ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ" ဟု ကိုကျော်ကျော်လင်းက ဆက်ပြောသည်။

ဆန္ဒပြပွဲစတင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် သံဃာ အပါး ၃၀ ကျော်နှင့် မြို့ ခံလူထု စုစုပေါင်း ၂၀၀၀ နီးပါးက မိမိတို့ ၏ အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်လာကြကာ ဘင်္ဂလီ (လုံးဝ) မလိုမရှိ၊အကြမ်းဖက်ဝါဒ (လုံးဝ)အလိုမရှိ၊အိုအိုင်စီထွက်သွား (OIC GET OUT)၊သမ္မတကြီးအား ထောက်ခံသည်၊

ရခိုင်အရေးသည် ပြည်ထောင်စုအရေး၊ရခိုင်ပြည်ကို ကာကွယ်ပါ စသည့် ဆိုင်းဘုတ်၊ပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်တောင်းဆိုခဲ့သည်။

ဆန္ဒဖော် ထုတ်ပွဲကို မြို့ နယ် အာဏာပိုင်တွေအနေနဲ့ တားဆီးနှောက်ယှက် ပိတ်ပင်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မည်သည့် ဒေသအစိတ်အပိုင်းတွင်မဆို အိုအိုင်စီ ရုံးစိုက်လာမည်ဆိုပါကအမျိုးဘာသာ သာသနာ အရေးဖြစ်သည့် အတွက် လူတန်းစားပေါင်းစုံ အလွာပေါင်းစုံက နည်းလမ်းပေါင်းမျိုးစုံနဲ့ ဆန့် ကျင် တော်လှန် သွားမည်ဖြစ်ကြောင်း၊

လူသားချင်း စာနာသည့် အနေနဲ့ စေတနာအမှန်ဖြင့် အကူအညီပေးချင်သည် ဆိုလျင် ဒေါက် တာအေးမောင် အကြံပြုခဲ့သည့်အတိုင်း ပြည်ထောင်စုအစိုးရကလက်ခံပြီးမှ ပြည်နယ် အစိုးရကလည်း ပစ္စည်း လှူတဲ့ လူတဦးချင်းအပေါ်မှာ အသေအချာစီစစ်ပြီးမှ ဒုက္ခသည် တွေဆီ ဖြန့်ဝေပေးတဲ့ နည်းလမ်း မျိုးကို ထောက်ခံသဘောတူကြောင်း အာရကန်တိုင်းစ်သို့ ကိုကျော်ကျော်လင်းက ရှင်း လင်းပြော ကြားသည်။

ဆန္ဒဖော်ထုတ်ပွဲကို နေ့ လည် ၁ နာရီကျော်တွင် မြို့ မဈေးအနီးရှိ ဖောင်းတော်ဦးဘုရားတွင် ပြန်လည် အဆုံး သတ်ခဲ့ကြောင်း၊ဆန္ဒဖော်ထုတ်ပွဲကို မြို့နယ် အာဏာပိုင်တွေအနေနဲ့ တားဆီးနှောက်ယှက် ပိတ် ပင်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်