Friday, October 19, 2012

လိုအပ်ရင်အီရန်ရေနံတွေကို ပင်လယ်ထဲဖောက်ချမယ်လို့ အီရန်ပြော

Posted by drmyochit Friday, October 19, 2012, under | No comments



အောက်တိုဘာလ ၁၅ ရက် နေ့က လူဇင်ဘာ့ဂ်မြို့အီးယူသမဂ္ဂဌာနချုပ်မှာ ဥရောပသမဂ္ဂနိုင်ငံခြား ရေးဝန်ကြီး များအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြ ပါတယ်။ အဲဒီအစည်းအဝေးမှာ “အီရန်တို့ အနေနဲ့ အခုနှစ် အတွင်းနျူကလီး ယားအစီအစဉ်တွေကို မရပ်ဆိုင်း ပဲဆက်လုပ်နေမယ်ဆိုရင် သံခင်းတမန် ခင်းနှိုင်းဆောင် ရွက်နေတာ တွေ နိဂုံးချုပ်ပြီးတော့ စစ်ရေးအရ ဖိအားပေး မှုတွေလုပ်ဆောင်သွားမယ်၊ အခုလောလော ဆယ်လည်း ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ် (Major Sanctions against Iran) တွေလုပ် မယ် လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အီးယူဟာ လောလောလတ်လတ်ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ အဖွဲ့လည်းဖြစ်တယ်။ ဒီလိုဆုံးဖြတ်ချက်အပြီး နောက်တစ်နေ့မှာတော့ အီရန်တော်လှန် ရေး တပ်ပေါင်းစု စစ်ဦးစီး ချုပ်မိုဟာ မက်အလီဇာဖာရီ (Mohammad Ali Jafari) က “လိုအပ်ရင်ဟော မုဇ်ရေလက်ကြားကို အီရန်ရေနံ တွေသွန်ချလိုက်မယ်”လို့ပြော ကြောင်း ဂျာမဏီနိုင်ငံထုတ် အပတ် စဉ်သတင်း တစ်ရပ် မှာဖော်ပြ ထားပါတယ်။ ဒါပေမဲ့ အတည်တော့ မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ သို့သော် အနောက်နိုင်ငံထောက် လှမ်းရေး ဌာနများကတော့ ဒါကို အလေးထားစုံစမ်းလျက်ရှိကြောင်း ဖော်ပြထား ပါ တယ်။ အလီဇာဖရီက ဒီလိုရေနံ ဖောက်ချမယ့်စစ်ရေးစီမံချက်ကို စကားဝှက် (Codewords)အဖြစ် “ရေဆိုး” (Muddy Water)လို့ နာမည်ပေးထား တယ်လို့ဆိုပါတယ်။ တကယ်လို့သာ ဒီအစီအစဉ်အတိုင်း လုပ်ခဲ့ မယ်ဆိုရင် ဟောမုဇ်ရေလက် ကြားမှာ နိစ္စဓူဝဖြတ်သန်းသွားလာ နေကြတဲ့ ရေနံတင် သင်္ဘောကြီး တွေအ တွက် အန္တရာယ်ရှိမှာဖြစ် သလိုပတ်ဝန်းကျင်ဘေး အန္တရာယ်ကို ထိခိုက်နိုင်စေပြီး ဒေသတွင်း နိုင်ငံများ အတွက် စိုးရိမ်စရာဖြစ် လာဖွယ်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်မှာဖော်ပြထားပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်