Friday, October 19, 2012

ဒေသအလိုက်လျှပ်စစ်ယူနစ်ပျောက်ဆုံးမှု လျှော့နည်းရေးအတွက် တွန်းအားပေးဆောင်ရွက်ရန်နှိုးဆော်

Posted by drmyochit Friday, October 19, 2012, under | No comments


မြန်မာနိုင်ငံ တွင်းရှိ တိုင်းဒေသ ကြီး/ပြည်နယ်တိုင်း လျှပ်စစ် အင်ဂျင် နီယာများ အနေဖြင့် လျှပ်စစ် ဓာတ်အား ယူနစ်ပျောက်ဆုံး မှုလျှော့ နည်းစေရေးအတွက် အဖက်ဖက် မှ တွန်းအားပေးဆောင် ရွက်သွား ရန်ပဲခူးတိုင်းဒေ သကြီးတိုင်း လျှပ်စစ် အင်ဂျင်နယီယာရုံးမှ ဆောင်ရွက် သကဲ့သို့ လိုက်နာဆောင်ရွက်ရန် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှယူနစ်ပျောက်ဆုံးမှု လျှော့နည်းaစရေးအတွက် တွန်းအားပေးဆောင် ရွက်သွားရန် နှိုးဆော်မှုများ ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးများ အလိုက်ယူနစ် ပျောက်ဆုံးမှု လျှော့နည်းမှုဆောင်ရွက်ချက်အခြေအနေများကို လစဉ်(၁၅) ရက်နေ့အထိတစ်ကြိမ်နှင့် လကုန်ရက်နေ့အထိ တစ်ကြိမ်ဆောင်ရွက်ချက် တိုးတက်မှု အခြေ အနေ အား (၃) ရက်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနသို့ ပြန်လည်တင်ပြရမည်ဖြစ် ကြောင်းသိရ သည်။ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် လက်အောက်ရှိမြို့နယ် လျှပ်စစ်အင်ဂျင် နီယာ၊ မြို့လျှပ်စစ်မှူးရုံးတစ်ရုံးချင်းစီ၏ ဓာတ်အားပျောက် ဆုံးမှုအား စိစစ်ခဲ့ရာတွင် ဓာတ်အားပျောက် ဆုံးမှု များပြားနေကြောင်း ပေးပို့ သည့်အစီရင်ခံစာများအရ စိစစ်တွေ့ရှိရကြောင်း သိရသည်။ သို့အ တွက်ကြောင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုခေါ်ယူပြီး လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းအောင် နည်းပေါင်းစုံဖြင့် ဆောင်ရွက်ရန် ၀န်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဓာတ်အားပျောက် ဆုံးမှု လျှော့နည်း အောင်ဆောင်ရွက်မှုအားနည်းသော မြို့နယ်လျှပ်စစ်အင် ဂျင်နီယာ မြို့ လျှပ်စစ်မှူး တို့အား ခုံဖွဲ့စစ်ဆေးပြီး အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ တိုင်းလျှပ် စစ်အင် ဂျင်နီ ယာရုံးမှလည်း လိုအပ်သော နည်းပညာနှင့်ပစ္စည်းများပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ယူနစ်ပျောက်ဆုံးမှု လျှော့နည်းစေရေးအတွက် ဆောင်ရွက် ခဲ့ရာ အောင်မြင်မှုများ ရရှိ ခဲ့ကြောင်း တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ရုံးမှတာဝန် ရှိပုဂ်္ဂိုလ်တစ်ဦး၏ပြောပြချက်အရ သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်