Friday, October 19, 2012

ကွန်ဂိုနိုင်ငံ မတည်ငြိမ်မှုကြောင့် တနှစ်အတွင်း အမျိုးသမီး "၅၀၀၀" မုဒိမ်းပြုကျင့်ခံရ

Posted by drmyochit Friday, October 19, 2012, under | No comments


ကွန်ဂိုနိုင်ငံ အရှေ့ဘက် ကီဗူဒေသအတွင်း သူပုန်တို့၏ တိုက်ခိုက်မှုကြောင့်မတည်ငြိမ်မှုဖြစ်၍ ယင်းဒေသ၌ တနှစ် အတွင်း အမျိုးသမီး ၅၀၀၀ မုဒိမ်းပြုကျင့်ခံရသည်ဟု ဒေသဆိုင်ရာ ဆေးရုံတာဝန်ရှိသူ တဦး ကပြော ပြ ကြောင်း Newage သတင်းမှာ ဖေါ်ပြထားသည်။
“အစီစဉ်တကျနဲ့ ပြုကျင့်ခံရသူ အရေအတွက်များပါတယ်။ ဒီနှစ် နှစ်စကတည်းကကီဗူမြောက်ဘက်မှာ တရား ၀င်စရင်းအရ မုဒိမ်းပြုကျင့်ခံရသူ ၅၀၀၀ ရှိပါပြီ” ဟု ဒေသဆိုင်ရာ မြို့တော် ဂိုမာတွင်ရှိသည့် အာဖရိ ကဆေး ရုံမှ သားဖွားကုသသူနှင့် သားဖွားပါရဂူဆရာဝန်က ဆိုသည်။
အဆိုပါဒေသ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော လူနည်းစု သူပုန် တူစီနှင့်အစိုးရတို့အကြား လွန် ခဲ့သည့် ၂၀၀၉-ခုနှစ်က ငြိမ်းချမ်းရေးရယူခဲ့သည်။ သို့သော်လူနည်းစု သူပုန်းတို့မှ တောင်းဆို ထားသော နယ်မြေ ကိုအစိုးရမှ အကောင်အထည် လုပ်ဆောင်မပေးသည့်အတွက် ယခုနှစ် ဧပြီလကနေ စတင် တိုက်ပွဲ ဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်ဘက် တိုက်ခိုက်မှုအတွင်း မုဒိမ်းပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ ရဲဘော်သစ်စု ဆောင်းမှုများ ပြု လုပ်နေ ကြောင်း ယူအန်နှင့် လူ့အခွင့်အရေးအဖွဲ့တို့၏ အစီရင်ခံစာအရ သိရှိရကြောင်း သတင်းကဆိုသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်