Friday, December 28, 2012

မြန်မာ အားကစားသမား ၁၇၀ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်

Posted by drmyochit Friday, December 28, 2012, under | No comments

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူအညီ ပေးရေး အစီအစဉ် အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ်ယူ လေ့ကျင့် ပေးမည်ဖြစ်ကြောင်း တရုတ် သံရုံးမှ သံရုံး အရာရှိ တစ်ဦးက ပြောကြားသည်။

တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြများ စေလွှတ်ရန်၊ မြန်မာ ကစား သမားများ အတွက် လေ့ကျင့်ရေး ကိရိယာ များနှင့် ပြိုင်ပွဲဝင် ပစ္စည်းများ အထောက်အပံ့ ပေးရန်၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေး စနစ်များ ရေးဆွဲ ရာတွင် အကူအညီ ပေးရန်နှင့် ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပရေးတို့ တွင် အကူအညီ ပေးရေး အစီအစဉ် များလည်း ပါဝင်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အားကစား နည်းပြ အဖွဲ့များမှာ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား အားကစားနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အကူအညီ ပေးရေး အစီအစဉ် များထဲမှ တစ်ခုဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ကြာအောင်က ပြောဆိုသည်။

ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမားများ အောင်မြင်မှု ရရှိနိုင်ရန် အတွက် တရုတ် နိုင်ငံက အကူအညီ ပေးသည့် အဆင့်မြင့် အားကစား အဖွဲ့မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃နာရီကျော်က ရန်ကုန်မြို့တော် သို့ ရောက်ရှိလာပြီး ယင်းနည်းပြ အဖွဲ့တွင် အားကစားနည်း ၁၃ မျိုး အတွက် နည်းပြ ၂၆ ဦး ပါဝင်ကာ မစ္စတာ ကျန်းကျင်စန်းမှာ အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။


The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်