Friday, December 28, 2012

KIA ခေါင်းဆောင်များ တရုတ်သို့ ထွက်ပြေး

Posted by drmyochit Friday, December 28, 2012, under | 1 comment

KIA ဌာနချုပ် လိုင်ဇာ၏ အဓိကခံစစ် တောင်ကုန်းဖြစ်တဲ့ လဂျားယန် တောင်ကြောကို ဒီနေ့ မနက်(၉)နာရီ အချိန်ခန့်က မြန်မာအစိုးရ စစ်လေယာဉ်များမှ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကြောင့် KIA ဘက်မှ အထိအခိုက် အကျအဆုံးများပြီး ဒဏ်ရာရ သူများ ကို လိုင်ဇာဆေးရုံကို သယ်ဆောင် နေကြောင်း မျက်မြင်တွေ့သူများမှ ပြောပါတယ်။



လက်နက်ကြီးပေါက်ကွဲသံများကို လိုင်ဇာမြို့မှ ကြားနေရပြီး လိုင်ဇာမြို့ တွင် ခြောက်ကပ်လျက်ရှိ ကာ ဈေးလဲ ပိတ်ထားကြောင်း သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းကတော့ မနေ့ညကတည်းက လိုင်ဇာ ဂိတ်ပေါက်ကနေ တရုတ်ပြည်ထဲ ၀င်ရောက်ခိုလုံနေပြီး တရုတ်နိုင်ငံတွင်းမှ စစ်ဆင်ရေးကို ကွပ်ကဲနေ တယ်လို့ သိရပါတယ်။ ယခု အစိုးရက အပြင်းအထန်တိုက်ခိုက်နေတဲ့ လဂျားယန်တောင်ကြောဟာ ဒီလ (၁၄) ရက်နေ့က ရိက္ခာပို့တဲ့ မြန်မာစစ်တပ်ကို KIA မှ ခြုံခိုတိုက်ခိုက်ပြီး မြန်မာစစ်သား(၅)ဦး ဒဏ်ရာနှင့် အဖမ်းခံခဲ့ရတဲ့ နေရာလဲ ဖြစ်ပါတယ်။




From : ပလေတို ဒီမို


သူတို့  ပြေးကြလေပြီ
***************


စစ်တပ်က မတိုက်ပါဘူး၊ သတိပေးတာ တဲ့။


တိုက်ရင် ဒီလို ဘယ်နေမလဲ၊ စိစိညက်ညက် ကြေသွားမှာပေါ့ တဲ့။


ဒါပေမယ့် ရှက်ဖို့ ကောင်းတဲ့ ကိစ္စ တစ်ခုကတော့


လိုင်ဇာက KIA-KIO ခေါင်းရှောင်ကြီးတွေ ရွှေလီကို ထွက်ပြေးသွားသတဲ့။
ရွှေလီကနေပြီး တိုက်ပွဲတွေကို ကွပ်ကဲနေသတဲ့။
အတင်းအကြပ် လူစုထားတဲ့ ပြည်သူ့ စစ်တွေနဲ့  ABSDF တွေက ရှေ့ တန်းမှာ ကျန်နေပါသတဲ့။


လေးစားလောက်ဖွယ်ရာ ခေါင်းရှောင်ကြီးများပါတကား-


ပြောလိုက်တော့ ဆင်ဖမ်းမယ်-ကျားဖမ်းမယ်-ဇလီဖားတုံးသွားကြားထိုးမယ် နဲ့  တကယ် သေမှာကိုတော့ ကြောက်ကြသား။


သူတို့ လည်းလေ လောကီသားပေမို့  အပြစ် မဆိုသာ။


(ရှက်တတ်ရင် ရှက်ဖို့  ကောင်းပြီ။)






KIA ဌာနချုပ် လိုင်ဇာ၏ အဓိကခံစစ် တောင်ကုန်းဖြစ်တဲ့ လဂျားယန်တောင်ကြောကို ဒီနေ့ မနက်(၉)နာရီ အချိန်ခန့်က မြန်မာအစိုးရ စစ်လေယာဉ်များမှ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကြောင့် KIA ဘက်မှ အထိအခိုက် အကျအဆုံးများပြီး ဒဏ်ရာရ သူများကို လိုင်ဇာဆေးရုံကို သယ်ဆောင်နေကြောင်း မျက်မြင်တွေ့သူများမှ ပြောပါတယ်။ 


လက်နက်ကြီးပေါက်ကွဲသံများကိုလိုင်ဇာမြို့မှ ကြားနေရပြီး လိုင်ဇာမြို့တွင် ခြောက်ကပ်လျက်ရှိ ကာ ဈေး လဲ ပိတ်ထားကြောင်း သိရပါတယ်။


KIA ခေါင်းဆောင်ပိုင်းကတော့ မနေ့ညကတည်းက လိုင်ဇာ ဂိတ်ပေါက်ကနေ တရုတ်ပြည်ထဲ ၀င်ရောက်ခိုလုံနေပြီး တရုတ်နိုင်ငံတွင်းမှ စစ်ဆင်ရေးကို ကွပ်ကဲနေ တယ်လို့ သိရပါတယ်။ ယခု အစိုးရက အပြင်းအထန်တိုက်ခိုက်နေတဲ့ လဂျားယန်တောင်ကြောဟာ ဒီလ (၁၄) ရက်နေ့က ရိက္ခာပို့တဲ့မြန်မာ စစ်တပ် ကို KIAမှခြုံခိုတိုက်ခိုက်ပြီး မြန်မာစစ်သား(၅)ဦးဒဏ်ရာနှင့်အဖမ်းခံခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။

KIA တွေက အများ အမြင်မှာတော့ ကချင်ပြည်နယ်ကို ကွာကွယ်ပါတယ်လို့ဆိုခဲ့ပေမဲ့ တစ်ကယ် တမ်း တိုက်ပွဲများ ဖြစ်လားသော အခါတွင် KIA ခေါင်းဆောင်များတရုတ်ပြည်တွင်းသို့ ထွက်ပြေးတိမ်းရှောင် နေပြီ ဖြစ်ကြောင်းသိရှိရပါတယ်KIA ခေါင်းဆောင်များမှကချင်ပြည်နယ်ကောင်းစားရေးဟု အမည်တပ်ကာ ကချင်တိုင်းရင်းသူများကိုလည်း ဖျက်ဆီးနေသူ များဖြစ်ပါတယ်.....



လိုင်ဇာဌာနချုပ်ထဲက ကျောက်စိမ်းတုံးများ
ဖြစ်ရပ်မှန် များကို မသိရှိသော တိုင်းရင်းသား ပြည်သူများမှKIA မှ မိမိတို့ အားလိမ်ညာနေသည်ကို မသိရှိသေးတဲ့ အတွက်အလွန်ပင် သနားစရာကောင်းလှပါတယ်.....။




1 comments:

သံတမန်ဆက်ဆံေ၇းအ၇ တ၇ုတ်နိုင်ငံကိုလည်း ကေအိုင်အေဘက်မှ သွယ်ဝိုက်ပံ့ပိုး မှုမလုပ်၇န် တ၇ုတ်နိုင်ငံနယ်မြေဘက်မှ လက်နက်ခဲယမ်းသယ်ခွင့်မပြု၇န် တောင်းဆိုကန့်ကွက်ထားသင့်ပါသည်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်