Friday, December 28, 2012

အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို

Posted by drmyochit Friday, December 28, 2012, under | No comments


ချင်းမိုင်(မဇ္စျိမ)။ ။ သောကြာနေ့နံနက် အစိုးရတပ်က ထိုးစစ်ဆင်မှုတွင် တိုက်လေယာဉ်များပင် အသုံးပြု တိုက်ခိုက် နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“လေယာဉ် လေးစီးနဲ့ လဂျားယန်မှာ ပစ်နေတုန်းပဲ။ မနက် ၉ နာရီ ပတ်ဝန်းကျင်ကနေ တိုက်လေယဉ်နဲ့ ပစ်တယ်။ ခါတိုင်းတော့ စစ်ရဟတ်ယဉ်ပေါ့။ ဒီတခေါက်က တိုက်လေယာဉ်ပါတယ်။ သူတို့ ပျံသန်းမှုကတော့ တရုတ်ပြည် ဘက်ဝင်ပြီးတော့ လှည့်ပတ်ပျံလာပြီး ပစ်ခတ်တာမျိုးတွေ့ မြင်ရတယ်” ဟု ဦးလနန်က တယ်လီဖုန်း မှတစ်ဆင့် မဇ္စျိမကို ပြောသည်။

KIO ၏ ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင်ကွာဝေးသော ကချင်ရှေ့တန်းစခန်းကြီး တစ်ခုဖြစ်သော လဂျားယန်တွင် တိုက်ခိုက်နေမှုကို

အမြင့်ဘက်ကျသော လိုင်ဇာမြို့မှ မြင်တွေ့နေရသလို အသံများလည်းကြားနေရသည်ဟု ဦးလနန်က ပြောသည်။

KIO ၏ မဟာမိတ်တပ်တစ်ခုဖြစ်သော ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်း ကလည်း “ တိုက်ပွဲပြင်းနေတယ်။ လဂျားယန်မှာ ဦးသိန်းစိန်အစိုးရက စစ်တိုက်လေယာဉ်တွေနော်၊ ဂျက် လေ ယဉ်နဲ့ တိုက်တာ ၉ နာရီကနေ ခုထိဘဲ။ ခုတော့ လေယာဉ်ပျံတော့ ဆုတ်သွားပြီ။ ရဟတ်ယဉ်က ပြန် လာ တယ်။ ခု ခန်းကိုင်တောင်ကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်”ဟု မဇ္စျိမကို ပြောသည်။

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကချင်တပ်နှင့် ကျောင်းသားတပ်အတွင်း အကျအဆုံးနှင့်ပတ်သက်၍ မသိရှိရသေးကြောင်း နှစ်ဖွဲ့လုံးက ပြောသည်။

တချိန်ထဲတွင်ပင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ စစ်အင်အားများ တိုးမြင့် လာသဖြင့် ကျေးရွာဒေသခံများ ၅၀၀ ဦးခန့် ကွတ်ခိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိလာနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

မဇ္ဈိမ မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်