မလေးရှား နိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ အတွက် ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ် စွန့်ခွာ ခဲ့ရပြီး ၁၄၀၀၀ အရေးပေါ် စခန်းတွေကို ရောက်ရှိ နေပါတယ်။ ဒီအထဲမှာ မိုးရေကို မထိမ်း နိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချ လိုက်ရတဲ့ အတွက် ရေပိုလျှံ ခဲ့ရတယ်လို့ သိရပါ တယ်။ မိုးက လာမဲ့ မတ်လ လောက် အထိရွာ သွန်းနေ အုန်းမှာ ဖြစ် ပါတယ်။
ရေတက်လာတာ မြန်တဲ့အတွက်လည်း ကားတွေနဲ့ ပစ္စည်းတွေကိုရေလွတ်ရာ အချိန်မှီ မရွှေ့နိုင်ဘဲ အပျက် အစီး ပိုများခဲ့ရတယ်လို့ ဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပေမဲ့ အခြေအနေဟာ ပိုပြီး ဆိုးဝါးလာနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောအချိန်အထိ လူ ၂ ဦးသေဆုံးကြောင်း အာဏာပိုင် တွေက ထုတ်ပြန်ထားပါတယ်။
M
(Photo: AFP - Northeastern town of Kuantan in Malaysia)
Burma-Newselite
Time in Rangoon


0 comments:
Post a Comment