Friday, December 28, 2012

ကချင်ပြည်နယ်နဲ့ ကချင်လူထုကို ကောင်းစားစေချင်တယ်ဆိုရင် အပစ်ရပ် အမိန့်  ပေးလိုက်စမ်းပါ ကေအိုင်အေ

Posted by drmyochit Friday, December 28, 2012, under | No comments


KIA ငြိမ်းချမ်ရေး တစ်ကယ်လိုလားတယ်ဆိုရင်

တရုတ် အားကိုး ပြည်တွင်းကို ဒုကမပေးဘူးဆိုရင်

ကချင်ပြည်နယ်-ကချင်လူထု အမှန်တစ်ကယ် ကောင်းစားစေချင်တယ် ဆိုရင်

မြန်မာစစ်တပ်က ပစ်နေလို့  စစ်ပွဲမရပ်တာပါလို့  ခိုင်မာစေချင်တယ်ဆိုရင်


KIA က အပစ်ရပ် အမိန့်  ပေးလိုက်စမ်းဘာာာာာာာာာာာာာ-

ရွှေလီပါသွားတဲ့ မြန်မာစစ်တပ်အရာရှိတစ်ယောက်က ပြောတယ်- KIA ဘက်သာ အပစ်ရပ်အမိန့်  တစ်ကယ်ပေးလိုက်ပါ။ သေနတ်တစ်ချက် အသံထွက်ရင် စစ်တပ်ကိုပြောပါ။ မိုင်းတစ်လုံးကွဲရင် စစ်တပ်ကို ပြောပါ တဲ့။

သမတဦးသိန်းစိန်က နေပြည်တော် လာခဲ့ပါ။ လုံခြုံရေး အစစ တာဝန်ယူတယ် ဆိုတော့ ရိသဲ့သဲ့နဲ့  နေပြည် တော်ကို ရှောင်တယ်။ သူ့ ပထွေးဌာနေကိုတော့ လုံခြုံတယ်လို့  ထင်တယ်။ မြန်မာနိုင်ငံက မင်းတို့  အတွက် ရန်သူ့ နယ်မြေလား။

အခုနောက်ဆုံး ၀န်ကြီးဦးအောင်မင်းက ပြောတယ်။ KIO-KIA က ဆွေးနွေးဖို့  အကြောင်း မပြန်သေး ပါဘူးတဲ့။

ဘာဖြစ်လို့  ဝေ့လည်ကြောင်ပတ် မရိုးမသား လုပ်နေရတာလဲ။

ဘာဖြစ်လို့  ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးရေးကို ရှောင်လွှဲနေတာလဲ

ဘာဖြစ်လို့  ဟိုပြော ဒီပြော လွှဲချနေတာလဲ

ဘာဖြစ်လို့  ဓါတ်ပုံအတုတွေနဲ့ Jade Land တို့  Lachid Kachin တို့ လုပ်စားနေတာလဲ

ဘာဖြစ်လို့  ဆက်ကြေးတွေ သန်းချီပြီး ကောက်နေတာလဲ

ဘာဖြစ်လို့  တာ့ထန်ကုမဏီကို စောင့်ရှောက်ပေးနေတာလဲ

ဘာဖြစ်လို့  CPI ကုမဏီကို အနှောက်အယှက် မပေးတာလဲ

ဘာဖြစ်လို့  တရုတ်ပတ်စ်ပို့ ကိုင်ပြီး အနောက်နိုင်ငံတွေ သွားနေတာလဲ

ဘာဖြစ်လို့  ပီကင်းအထိ ရွှေလမ်းငွေလမ်း ဖောက်နေတာလဲ

မြစ်ဆုံဆည်ကြီး ယနရားတွေ တဟီးဟီးနဲ့  ချနေတုန်းက သေနတ်တစ်ချက် မပစ်တာလဲ

ဘာဖြစ်လို့  Asia World နဲ့  ဇာတ်တိုက်ပြီး ဘာမှမဖြစ်တဲ့ လမ်းကြိမ်စက်ကို ယမ်းအားပျော့ပျော့နဲ့ပဲ ရှို့ ရတာလဲ

ဘာဖြစ်လို့  ဖားကန့် ကို လက်မလွှတ်နိုင်ရတာလဲ

ဘာဖြစလို့  ABSDF ကို ထိပ်တိုက် တိုးခိုင်းတာလဲ

ဘာဖြစ်လို့  ပြည်မကြီးမှာ KIO ထိပ်ပိုင်းစီးပွားရေတွေ ရှိနေရတာလဲ

ဘာဖြစ်လို့  ဂွမ်မော်ကို ပြည်သူ ကစစ်တွေက ပြန်ပြီ ပစ်ခတ်ရတာလဲ

ဘာဖြစ်လို့  ဂွမ်မော်ရဲ့  PSO သေသွားရတာလဲ

ဘာဖြစ်လို့  ၀နဲ့ ညှိပြီး တရုတ်ဆက်ဆံရေးစခန်းတွေ ဖွင့်ရတာလဲ

ဘာဖြစ်လို့  ဒီလောက်အထိ မိုက်ဇာတ်ခင်းနေရတာလဲ

ဘာဖြစ်လို့  ကချင်ပြည်နယ်ကို ဒုကပေးနေရတာလဲ

ဘာဖြစ်လို့  အမေရိကန်မစ်ရှင်ကို မတွေ့ ရတာလဲ


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်