Friday, December 28, 2012

KNU က ကြေညာချက်ထုတ်ပြန်

Posted by drmyochit Friday, December 28, 2012, under | No comments


KNU ကရင်အမျိုးသား အစည်းအရုံးက စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ရေး အတွက် တိုင်းရင်း သားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက် နေ့ မနေ့ကျင်းပပြီးစီးသွားတဲ့ ၁၅ကြိမ်မြောက် ညီလာခံအပြီးဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။
တစ်လကြာ ကျင်းပခဲ့တဲ့ ညီလာခံကဟာ KNU တပ်မဟာ၇ နယ်မြေမှာကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ် ၁၇၁ဦး တက်ရောက် ခဲ့ပါတယ်။

ညီလာခံမှာဖွဲ့စည်းလိုက်တဲ့ ဗဟိုကော်မတီအသစ်ကို လျှိုဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုး ဥက္ကဌ အဖြစ်ပါဝင်တဲ့ ၁၁ဦးပါ ဗဟိုကော်မတီအသစ်ကို ဖွဲ့စည်းလိုက်သလို KNLA ကရင် အမျိုးသား တပ်မတော် ရဲ့စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် ဂျော်နီကိုခန့်အပ်လိုက်ပါတယ်။

KNUရဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ အစိုးရအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ် အခတ် ရပ်စဲ ရေးအ တွက် အမြန်ဆုံးဆောင်ရွက်ပေးဘို့ လိုတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပေမဲ့ အာဏာပိုင်တွေက လူထု လှုပ်ရှားမူ တွေကို အကြမ်းဘက်နိမ်နင်းတာတွေရှိနေတဲ့ အပေါ်စိုးရိမ်မိတယ် လို့လည်း ဖေါ်ပြထားပါတယ်။

RFA (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်