Friday, December 28, 2012

ဆန္ဒ ထုတ်ဖော်ရာတွင် စီတန်း လှည့်လည်မှု ဥပဒေ ပုဒ်မ ၁၈ ကြောင့် အခက်တွေ့ ဟုဆို

Posted by drmyochit Friday, December 28, 2012, under | No comments


လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒ ထုတ်ဖော်ပွဲ များတွင် ပါဝင်သည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ
ကျောင်း သား သမဂ္ဂ အဖွဲ့ဝင်ကျောင်းသား ခေါင်းဆောင် များကိုအရေးယူ ထားသည့် စီတန်း လှည့်လည်မှု ဥပဒေ ပုဒ်မ ၁၈ ကြောင့် ပြည်သူ့ ဆန္ဒ ထုတ်ဖော်ရာတွင် အခက်တွေ့ စေကြောင်း ဗကသ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော် ကိုကို က ပြောကြားသည်။

ယင်းသို့ ဆန္ဒ ထုတ်ဖော်မှု များတွင် ဦးဆောင် ပါဝင် ခဲ့သည့် ဗ.က.သ ကျောင်းသား ခေါင်းဆောင် တစ်ချို့ မှာ ပုဒ်မ (၁၈)၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ဝရမ်းထုတ်ခြင်း၊ ဖမ်းဆီး ထားခြင်း တို့ကို ခံခဲ့ရသည်။

အဆိုပါ ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်ကြသော ဦးအောင်မှိုင်းဆန်း၊ ဦးမင်းလွင်၊ ဦးသန်းထိုက် တို့ အား ပုဒ်မ (၁၈) ဖြင့် မန္တလေး အကျဉ်းထောင် တွင် ဖမ်းဆီး အရေးယူ ခံထားရပြီး မန္တလေး ရတနာပုံ တက္က သိုလ် ကျောင်းသားများ သမဂ္ဂ ဝင်များ ဖြစ်သည့် ဦးသီဟဝင်းတင် နှင့် ဦးထွန်းထွန်းကျော် တို့ အား ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ (၁၈) တို့ဖြင့် ဖမ်းဝရမ်း ထုတ်ပြန် ထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံသား တို့ရဲ့ မူလ အခွင့်အရေး ဆိုတဲ့ အခန်း ကဏ္ဍမှာ လက်နက် မပါဘဲ စီတန်း လှည့်လည်ခွင့်၊ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခွင့် ပေးထားပါတယ်” ဟု ဦးကျော်ကိုကိုက ရှင်းပြ သည်။

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး သပိတ် စခန်းများကို နိုဝင်ဘာလ ၂၉ ရက် နံနက် ၃ နာရီ ကျော်တွင် အင်းအားသုံး ဖြိုခွဲ ခဲ့သဖြင့် သံဃာများ၊ ပြည်သူများ ထိခိုက် ဒဏ်ရာ ရခဲ့သောကြောင့် ရန်ကုန်၊ မန္တလေး၊ မုံရွာ အစရှိသော မြို့များ၌ ဆန္ဒ ပြမှုများ ဖြစ်ပွား ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်