Friday, December 28, 2012

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

Posted by drmyochit Friday, December 28, 2012, under | No comments


ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်အမျိုးသားကွန်ယက်မှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ ရဟန်းရှင်လူ ကျောင်းသား လူငယ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူုထုအခြေပြု အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ ပါဝင် မည်ဖြစ် ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အမျိုးသားရေး ရပ်တည်ချက် ဘုံလမ်းစဉ် များကို ချမှတ်နိုင်ရန်၊ ရခိုင်တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေး တိုးတက် ဖွံ့ဖြိုး ရေးနှင့် လက်ရှိပဋိပက္ခများကို အမျိုးသားရေးဘုံ ရပ်တည်ချက်အပေါ် အခြေခံ၍ အဖြေရှာ ဖြေရှင်း နိုင်ရန် နှင့် ရခိုင်အမျိုးသား ညီလာခံတစ်ခု ပြည်တွင်း၌ ကျင်းပပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ပြု လုပ်ခြင်းဖြစ် ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီဆွေးနွေးပွဲမှာ တက်ရောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားဖို့ရှိတယ်” ဟု ရခိုင်အမျိုးသားကွန်ယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောပါ သည်။

ထိုင်းနိုင်ငံ အခြေစိုက်ပါတီ အဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိခေါင်းဆောင်များ ပါဝင်သည့် ရခိုင်အမျိုးသား အလုပ် ရုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခေါင်း ဆောင် ၈ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်