Friday, December 28, 2012

ကေအိုင်အေကို အင်တာနက်တွင်လည်း တိုက်ခိုက်နေ

Posted by drmyochit Friday, December 28, 2012, under | No comments

ပြီးခဲ့သည့် ခရစ်စမတ်က ကချင်ပြည်နယ်နှင့်ပတ်သတ်သော သတင်းများ၊ KIA အဖွဲ့နဲ့ပတ်သတ်သော သတင်းများ ကို အဓိက ထား ဖော်ပြလျက်ရှိသော kachinnews.com website သည် ၂၄.၁၂.၁၂ ရက်နေ့ ညပိုင်းလောက်ကစပြီး DDos နည်းပညာဖြင့်စတင်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ခရစ္စမတ်နေ့ (၂၅ရက်နေ့) ညအထိ အသုံးပြု၍မ ရကြောင်း သိရှိရပါသည်။ ၄င်း Website ကို တိုက်ခိုက်မည်ဖြစ်ကြောင်း KIA ကိုမကျေနပ်သည့် လူင ယ် များက ကြေငြာခဲ့ထားကြောင်းလည်းသိရှိရသည်။ 

၎င်းတို့၏ ကြေငြာချက်တွင် Kachinnews Website အနေဖြင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေသည့် သတင်းများမကြာခဏ ထုတ်လွှင့်နေခြင်း၊ ရှေ့တန်းတွင် အဖမ်းခံရသည့် စစ်သည်များ၏ ရုပ်ပုံများဖော်ပြ၍ ၀ါဒဖြန့်ချိခြင်း တို့ကြောင့် လူငယ်အများ စုမှ ကျေနပ်မှုမရှိကြောင်း ကေအိုင်အေ အားငြိမ်းချမ်းရေး စာပွဲပေါ်ရောက် သည်အထိ ဆက်လက် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

အဆိုပါ တိုက်ခိုက်မှုများသည် သုံးစွဲသူများအတွက် အရမ်းလွယ်ကူပြီး ကလစ်တစ်ချက်နှိပ်ယုံဖြင့် မဟု တ်မမှန် လုပ်ကြံသော ကချင်ဆိုဒ်များ ဗုံးဗုံးလဲရသည်။ 


ယခု DDos တိုက်ခိုက်မှုသည် ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲ၊ ဝါဒ စွဲ ကြောင့်မဟုတ်ပဲ အပြစ်မဲ့ ပြည်သူများ သေဆုံးမှု၊ လမ်းတံတားများ ဖျက်ဆီးခံရမှုများကြောင့်သာ ဖြစ်ပြီး KIA အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုအား အမြန် လက်ခံ ရန် အတွက်သာဖြစ်သည်။ ယခု DDos တိုက်ခိုက်မှုအား ခရစ်စမက်နေ့မှ စ၍ အပတ်စဉ် အင်္ဂါ နေ့ တိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး KIA ခေါင်းဆောင်များ ငြိမ်းချမ်းရေး စားပွဲပေါ် သို့ ရောက်လာသည့်နေ့တွင် ရပ်တံ့ ရမည်ဖြစ်သည်။ 

သင်သည် ကချင်မြေကို ငြိမ်းချမ်းစေလိုပါက အွန်လိုင်းပေါ်တွင် စစ်တိုက်ခြင်းဖြင့် ဂုဏ်ယူပါ။ ကချင်စစ် ပွဲကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် ဖြစ်စေသည်ကို လက်မခံသည့်အတွက် အင်တာနက်ပေါ်မှ မျိုးချစ် နည်းပညာရှင်များက ကချင်သတင်းဆိုပြီး မဟုတ်မမှန်များ ဖော်ပြသည့် နောက်ထပ် ဆိုဒ်တစ်ခုအား ကလစ်တစ်ချက် နှိပ်ပြီး browser တစ်ခု ဖွင့်ထားယုံဖြင့် တိုက်ခိုက်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ရလဒ်အား သိလိုလျှင် အောက်ပါ link လေးအား ကလစ်နှိပ်ပြီး ထိုစာမျက်နှာလေးကို ဖွင့်ထားလိုက်ပါ။ သင်သည် ကချင်ပြည်နယ်နှင့် ကချင်လူမျိုးကို တကယ်ချစ်သူ တစ်ယောက် ဖြစ်လာပါ လိ့မ်မည်။ အောက်က လင့်ခ်လေးကို နှိပ်ပြီး ပါဝင် ဆင်နွှဲကြည့်လိုက်ပါ။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်