Monday, January 07, 2013

သေနတ်ဖြင့်ပစ်ခတ်ရသူ့ ဆေးရုံရောက်

Posted by drmyochit Monday, January 07, 2013, under | No comments

ပေါက်တောမြို့နယ်မှ လေးဦးပါသောလှေတစ်စီးသည် ကမ်းဝေး သင်္ဘောမှ ငါးဝယ်ရန်သွားရောက်ခဲ့ရာ ပင်လယ်ပြင်အတွင်း ညအချိန် တွင်အမည် မသိသူတစ်စုမှ သေနပ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ သဖြင့် ဦးစံသန်း မောင်(ခ)ချင်းတောင်း၊ အသက် ၃၃ နှစ်၊(ဘ) ဦးထွန်း ဘော်ခိုင် မှာ ယာဘက်ဝမ်းဗိုက်တွင် သေနပ်ဒဏ်ရာ ဖြင့် စစ်တွေဆေး ရုံသို့ ယနေ့ နံနက် ၉း ၃၀ နာရီအချိန်ခန့်က စစ်တွေဆေး ရုံသို့ရောက် ရှိလာခဲ့ကြောင်းသိ ရပါသည်။

အဆိုပါပင်လယ်ပြင်သည် ၀ိုင်စတာမီးပြတိုက်အနီးတွင်ဖြစ်ပြီး သင်္ဘောမှ ကြက်စာငါးဝယ်၍အပြန် ည ၃း၃၀ နာရီအချိန်ခန့်တွင် လှေတစ်စီးမှ သေနပ်ဖြင့်ပစ်ကာထွက်ပြေးသွားကြောင်းသိရသည်။

မည်သူမည်ဝါ ဖြစ်သည်ကို မသိရကြောင်းလည်း ပြောပါသည်။

လှေဦးစီး(ပဲနင်း) ဦးသန်းစိန်မောင် အပါအ၀င် အဆိုပါလှေတွင် လှေသမား ၄ ဦးပါရှိပြီး ညအချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သဖြင့် မည်သူပစ်သည်ကို မသိရှိရကြောင်းလည်းသိရသည်။

အဆိုပါပင်လယ်ပြင်တွင် များသောအားဖြင့် ရာနှင့်ချီသော ဘင်္ဂလီငါးဖမ်းလှေများသာ ရှိနေတတ်သဖြင့် ရခိုင်တိုင်းရင်းသားများအ တွက် လုံခြုံမှုမရှိဖြစ်နေကြောင်းလည်းသိရသည်။

ထိုသို့အပစ်မခံရမီနေ့များကလည်း ငါးဖမ်းထွက်လာသူများ၊ ငါးဝယ်ရန်ထွက်လာသူများကို အစဉ်အမြဲ ရန် ရှာမှုများရှိခဲ့ကြောင်းလည်းသိရှိရပါသည်။

သဲခုံကျေးရွာမှ ငါးဖမ်းသမားများထိုသို့နေ့စဉ်တိုက်ခိုက်ခံနေရ သဖြင့် လုပ်ကိုင်စားသောက်မှု ပျက်ပြားနေပြီဖြစ်ကြောင်း လည်းသိရသည်။










0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်