Monday, January 07, 2013

နီပေါစစ်အရာရှိကို စစ်ရာဇ၀တ်မှုနဲ့ ဗြိတိန်မှာ ဖမ်းဆီး

Posted by drmyochit Monday, January 07, 2013, under | No comments


နီပေါဗိုလ်မှူးကြီး တဦး ဗြိတိန်နိုင်ငံကို အပန်းဖြေခရီး လာရောက် စဉ်ပြည်တွင်းစစ်အတွင်းက နှိပ်စက်ညှဉ်းပန်း ခဲ့မှုနဲ့ ဗြိတိန်ရဲက ဖမ်းဆီး အရေးယူထားပါတယ်။ နီပေါဗိုလ်မှူးကြီး ကူမာလာမာဟာ လက်ရှိမှာ ဆူဒန်တောင်ပိုင်းက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ တာဝန် ယူနေပြီး ဗြိတိန်ကို ခေတ္တ အလည်လာရောက်စဉ်မှာ တရားစွဲဆိုခံရ တာပါ။ ဒီကိစ္စအတွက် နီပေါနိုင်ငံ က အပြင်းအထန်ကန့်ကွက်လိုက်ပြီး သူ့ကို ချက်ခြင်းပြန် လွှတ်ပေးဖို့တောင်း ဆိုလိုက် ပါတယ်။

နီပေါဗိုလ်မှူးကြီး ကူမာလာမာ ဟာ၂၀၀၅ ခုနှစ် ဧပြီနဲ့ အောက်တိုဘာလ အတွင်း နှိပ်စက်ညှဉ်းပန်းမှု ၂ ကြိမ်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စနေနေ့က တရားရုံးမှာ စတင်ရင်ဆိုင်နေရပါတယ်။

ကုလသမဂ္ဂက ပြဌာန်းထားတဲ့ နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေး သဘောတူညီချက်ကို သဘောတူ လိုက်နာဖို့ ခွင့်ပြုထားတဲ့ ဗြိတိန်ရဲ့ ၁၉၈၈ ခုနှစ် ရာဇ၀တ်မှုကျင့်ထုံးဥပဒေအရ ကမ္ဘာဘယ်အရပ်မှာ ကျူး လွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုမဆို ဗြိတိသျှမြေပေါ်မှာ ဖမ်းဆီးအရေးယူခွင့်ရှိပါတယ်။ ဒါကြောင့် လည်း ဗြိတိန် ကို ခေတ္တလာရောက်တဲ့ နီပေါစစ်အရာရှိကို စစ်ရာဇ၀တ်မှုနဲ့ တရားစွဲဆိုနိုင်တာပါ။ 

၉၀ နှစ်ပိုင်းကစပြီး ဖြစ်ပွားခဲ့ပြီး ၁၀ နှစ်ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူပေါင်းတသောင်း ၃ ထောင်ကျော် တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၀၆ ခုနှစ်မှာ အစိုးရ နဲ့ ငြိမ်းချမ်းရေး ယူခဲ့တဲ့ လက်နက်ကိုင် သူပုန်တွေဟာ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၂ နှစ်အကြာ
မှာပြုလုပ် တဲ့ေ၇ွးကောက်ပွဲကနေ လွှတ်တော်မှာ နေရာအတော်များများ ရခဲ့ကြပါတယ်။ 

ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးအရတိုးတက်မှုဖြစ်စဉ် ရပ်တန့်နေကတည်းက စပြီး လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ခံမှုမရှိဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က သတိပေးထားပါတယ်။ 

ပြည်တွင်းစစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အစိုးရက တစုံတရာ အရေးယူဖို့ ပျက်ကွက်နှောင့်နှေးနေခဲ့တယ်လို့ ဆိုပါတယ်။ 


created by: http://www.myanmartharkaung.net/2013/01/blog-post_529.html#more

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်