Monday, January 07, 2013

လူစည်ကားရာနေရာများမှ တောင်းရမ်းစားသောက်သူများကိုအရေးယူမည်

Posted by drmyochit Monday, January 07, 2013, under | No comments

ပဲခူးမြို့အတွင်းရှိ လူစည်းကား ရာနေရာနှင့်နိုင်ငံခြားသားများဝင် ထွက် သွား လာလေ့ရှိသောနေရာ များ၌တောင်းရမ်းစားသောက်သူ များ ကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်မှစတင်၍ ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက် ဖြင့် မြို့နယ်ဌာန ဆိုင်ရာများ ပူး ပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးအရေး ယူမည်ဖြစ်ကြောင်း သိရှိရ သည်။

““ဖမ်းဆီးအရေးယူခြင်းခံရတဲ့ တောင်းရမ်းစားသောက်သူ များကို အသက်အရွယ်အလိုက်၊ ကျား/မအလိုက် ခွဲခြားပြီး အသက်မွေးမှုသင်တန်းကျောင်းနဲ့ပရဟိတ သင်တန်းကျောင်းအနာကြီး ရောဂါစွဲကပ် သူတွေဖြစ် ရင်အနာကြီးရောဂါ သည်တွေထားရာ ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊မှော် အင်းကျေး ရွာကိုပို့မယ်၊ စိတ် ရောဂါဝေဒနာရှင်တွေဖြစ်ပါက စိတ်ကျန်းမာရေးဆေးရုံးကို ပို့ဆောင် မှာဖြစ် ပါတယ်။ ကလေး သူငယ်များကို နောက်ကွယ်ကနေ ကြိုးကိုင်းပြီး တောင်းရမ်းခိုင်းသူများ ကိုလည်း နိုင်ငံတော် မှ ပြဋ္ဌာန်းထား တဲ့ တည်ဆဲဥပဒေ တွေနှင့်အညီ ထိရောက် စွာ အရေးယူသွားမယ့်လို့””မြို့နယ် ရဲတပ်ဖွဲ့ မှူးက ပြောကြား ပါသည်။

ပဲခူးမြို့အတွင်း တောင်းရမ်း စားသောက်သူအရေအတွက်မှာ စာရင်းအရ(၈၆)ဦးခန့်ရှိသည့်အ တွက် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်အထိကို ပညာပေးကာလ အဖြစ်သတ်မှတ်ပြီး ဘုရား၊စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း အချို့တို့တွင် အသိပညာပေးဟော ပြောပွဲများပြုလုပ်ကျင်းပပေးခဲ့ပါ သည်။ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်မှစတင်၍ အရေးယူမှု ကာလအဖြစ် သတ်မှတ်ကာ မြို့ နယ်ရဲ တပ်ဖွဲ့မှူး အဖွဲ့ခေါင်းဆောင် အဖြစ်ဦးဆောင်၍ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝန် မှုကြီးကြပ်ရေး ၀န်ကြီးဌာန၊လူမှု ၀န်ထမ်းဦးစီးဌာန၊စည်ပင်သာယာ ရေးဝန်ကြီးဌာနနှင့်ကျန်းမာရေး ဦးစီးဌာတိျု့ ပူးပေါင်း ပြီး တောင်း ရမ်း စားသောက်သူများ ပပျောက် ရေးစီမံကိန်းကို အကောင် အထည် ဖော်ဆောင် ရွက်သွား မည်ဖြစ် ကြောင်း သတင်း ရရှိသည်။

The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်