Monday, January 07, 2013

သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအနီး ယာဉ်တိုက်မှုဖြစ်ပွား

Posted by drmyochit Monday, January 07, 2013, under | No comments


ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲ-လားရှိုး အဝေးပြေး လမ်းမကြီးပေါ်၌ ဇန်န၀ါရီလ (၆)ရက်နေ့ နံနက် (၉)နာရီ ငါးမိနစ် အချိန်ခန့်က သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ လုပ်ငန်း ခွင်သုံး ကားတစ် စီးနှင့် လမ်းဖြတ် ကူးသော ဆိုင်ကယ် တစ်စီး တိုက်မိရာ ဆိုင်ကယ် စီးနင်း လာသူမှာ အခင်းဖြစ်နေ ရာ၌ ပွဲခြင်းပြီး သေဆုံး ခဲ့သည်။

`လမ်း ညာဖက် ရွာ အထွက် လမ်းကနေ မျက်နှာခြင်းဆိုင် လမ်းကြားကို ဆိုင်ကယ် သမားက ဖြတ်ကူးတာ၊ ကျောက်မဲ ဘက်ကနေ လားရှိုး ဘက်ကို မောင်းလာ တဲ့ကားက အရှိန်ပြင်း လွန်းတော့ မရှောင်နိုင် ပဲတိုက် မိ သွားတာ၊ ဆိုင်ကယ်သမားကတော့ ချက်ချင်းသေသွားတာပဲ ´ ဟု ယဉ်တိုက်မှုအား ကိုယ်တွေ့မြင်ခဲ့သူ တစ်ဦး က ပြောသည်။

အခင်းဖြစ် ပွားရာနေ ရာမှာ ကျောက်မဲ-လားရှိုး အဝေးပြေး လမ်းမ ကြီးနံဘေး အမှတ်(၂) ရပ်ကွက် ပန်ပေါင်း ရပ်ရှိ ငွေနှင်းတောင် စားသောက် ဆိုင်အ နီးတွင်ဖြစ်ပြီး အနောက်မှ အရှေ့ သို့မောင်းနှင် လာသည့် ဖိုးဝှီးအမျိုးအစား ကားနံပါတ် (၃/ဂ ၆၀၅၅) မှ လမ်းဖြတ်ကူးသော ဆိုင်ကယ်အား ကား၏ ညာဖက်ထောင့်ဖြင့် တိုက်မိခြင်း ဖြစ်သည်ဟု သိရသည်။

`ယဉ်မောင်း ကိုယ်တိုင်က ယဉ်ပိုင်ရှင်လို့ပြောတယ်၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှာ အလုပ် လုပ်တဲ့ တရုတ် လူမျိုး နှစ်ယောက်နဲ့ မြန်မာလူမျိုးသုံးယောက် စုစုပေါင်း (၅)ယောက် စီးလာတာ၊ လုပ်ငန်း တာဝန်ခံ တစ်ယောက် ပါတယ် လို့သိရတယ်၊ သေဆုံးသူရဲ့မိသားစုဝင်တွေကိုတော့ သွားပြီး အကြောင်း ကြားနေ တုန်းပဲ´ ဟု ယဉ်တိုက်မှုအား လာရောက် စစ်ဆေးသူ ယဉ်ထိန်း ရဲတစ်ဦး ကပြောသည်။

အတိုက်ခံ ရသောဆိုင်ကယ်ရှိ လိုင်စင်သက်သေကဒ်ပြားတွင် ပါဝင်သောအမည်မှာ ကျောက်မဲမြို့နယ် နားပြိန်း ကျေးရွာနေ ဦးစိုင်းအောင်ဌေးဦးဖြစ်သည်ဟု သိရပြီး၊ သေဆုံးသူဆိုင်ကယ်သမား ဟုတ်/မဟုတ် ကိုမူ အတိ အကျမပြောနိုင်သေးကြောင်း ၄င်းက ဆက်ပြောသည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထိ ကျောက်မဲမြို့တွင် ယဉ်တိုက်မှုပေါင်း တစ်ရာကျော်ခန့် ဖြစ်ပွားခဲ့ပြီး ယခုဖြစ် ပွားသော ယဉ်တိုက်မှုမှာ ၂၀၁၃ ခုနှစ်နှစ်စ၌ အဆိုးဝါး ဆုံးယဉ်တိုက်မှု တစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


နေဖြိုးမြင့်
( မြစ်မခ )

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်