Monday, January 07, 2013

ဘင်္ဂါလီများအတွက် အီရန်က အကူအညီ တန်(၃၀) ပို့လိုက်ပြီ

Posted by drmyochit Monday, January 07, 2013, under | No comments

အီရန်နိုင်ငံ လခြမ်းနီအသင်း က တန် ၃၀ ရှိအစား အသောက် ၊ စောင် နှင့် အခြား အခြေခံလိုအပ်သော အထောက်အပံ့ပစ္စည်းများကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူဆလင် ဒုက္ခသည်များသက်သက် အတွက် ရည်စူး ကာ မြန်မာနိုင်ငံ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် မနေ့က ဇွန်န၀ါရီ ငါးရက်နေ့က ပေးပို့လိုက်ပြီဖြစ်သည် ဟု Press TV သတင်းဌာန က ဖော်ပြသည်။

IRCS (ခေါ်) အီရန် လခြမ်းနီအသင်း အကြီးအကဲ မာမွတ်မိုဇဖာ (Mahmoud Mozaffar) ကိုယ်တိုင် ရခိုင်ပြည်သို့လိုက်လာ၍ အထောက်အပံများကို ဝေငှခြင်း အလုပ်ကို ကြီးကြပ်နိုင်ရန် လိုက်လာမည် ဟု ပြောကြားသည်။

ထို့အပြင် ဒုက္ခသည်စခန်းများ ဆောက်လုပ်ရန် လိုအပ်ချက်များ နှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ရေး လိုအပ်ချက်များကိုပါ ကွင်းဆင်း ဆန်းစစ်သွားမည် ဟု မာမွတ်မိုဇဖာ က ပြောကြားသည်။



BY ရဲရင့်(ကနေဒါ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်