Monday, January 07, 2013

မိုဘိုင်းတယ်လီဖုန်းလိုင်းများ လေးရက်ကြာ မိနစ်အနည်းငယ်စီ ပြတ်တောက်မည်

Posted by drmyochit Monday, January 07, 2013, under | No comments

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း ဖုန်း တိုးချဲ့ တပ်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ် မည်ဖြစ်သော ကြောင့် ဇန်န၀ါရီ ၆ ရက်မှ ၁၁ ရက်ထိ မိုဘိုင်းဖုန်းလိုင်းများ ဆက်သွယ်မှု မိနစ်အနည်းငယ်စီ ပြတ် တောက် မည်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။


မိုဘိုင်းဖုန်းလိုင်း အင်အားတိုးချဲ့ တပ်ဆင်ခြင်းလုပ်ငန်းတွင် ရန်ကုန်မြို့ RNC,SGSN,CG စနစ်များ ပြောင်းလဲ တပ်ဆင်ခြင်း၊ Hardware/Software အဆင့်တိုးမြှင့်ခြင်းနှင့် SMSGateway ပြောင်းလဲခြင်း လုပ်ငန်း များကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးရက်ကြာ ပြတ်တောက်မှုသည် နံနက် ၂ နာရီမှ စတင်ပြီး ၁၅ မိနစ်နှင့် နာရီဝက်ခန့်စီ လိုင်းပြတ်တောက် မည်ဟု သိရသည်။

"မနက်ပိုင်း လိုင်းပြတ် တာတော့ သိသိသာသာ ထိခိုက်မူ မရှိပါဘူး။ နေ့ခင်းဘက်အချိန်တွေဆိုရင်တော့ နာရီ ၀က်ပဲဖြစ်ဖြစ် လုပ်ငန်းတွေသာမက အခြားအရေးကြီး ဆက်သွယ်မှုတွေပါ ထိခိုက်နိုင်ပါတယ်" ဟု မိုဘိုင်းဖုန်း သုံးစွဲသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် 3G UMTS လိုင်းအင်အား ၁၂၆၀၀၀၀ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း သိရသည်။


Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်