စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ဘုရားကြီး ရပ်ကွက်တွင် တည်ရှိသော အခြေခံ ပညာ မူလတန်း ကျောင်း အမက(၂၄)ရှေ့တွင် (4-1-2013)နေ့ည (၁၀)နာရီ အချိန် ခန့်က ကျောင်းရှေ့ဈေး ဆိုင်ခုံ ငယ်တစ်ခုအား မီးလောင် ကျွမ်းမှု တစ်ခုဖြစ် ပွားခဲ့ ပါသည်။ အဆိုပါ မီးလောင် ကျွမ်းမှုဖြစ် ပွားရာသို့ မုံရွာမြို့နယ် မီးသတ် တပ်ဖွဲ့ မှ မီးသတ် ကားများ ဘုရားကြီး ရပ်ကွက်မှ မီးသတ် ကားနှင့် ကွေ့ကြီး ရပ်ကွက်မှ မီးသတ်ကား စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင် သာယာရေး ၀န်ကြီး ဦးတင့် လှိုင်မြင့် တို့သည် အချိန်နှင့် တစ်ပြေး ညီရောက်ရှိ လာပြီး မီးငြိမ်း သတ်မှု လုပ်ငန်းစဉ် များအား ဆောင်ရွက် ခဲ့ကြပါသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မုံရွာမြို့နယ် NLD ပါတီမှ ကိုမှတ်ကြီး(ခ)နိုင်သီဟ ဆိုသူနှင့် ပါလာသူ တစ်ဦးတို့ အရက်မူးလာပြီး မီးသတ်ရဲဘော်များကို မီးလောင်တာကို လောင်လောင်ခြင်း ချက်ခြင်း မရောက် လာ ၍ဟုဆိုကာ မိုက်ရိုင်းစွာပြောဆိုဆက်ဆံခဲ့ ပြီး လုံးထွေးသတ်ပုတ်ရန်ပြုလုပ်လာခဲ့သဖြင့် ၀ိုင်းဝန်း ဖြန်ဖြေ ခဲ့ရသည်ဟု ဘုရားကြီးရပ်ကွက်နေ ဈေးဆိုင်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။
"မီးလောင် တယ်ဆိုတာ ကနဦးသတင်းရမှ ကျွန်တော်တို့ မီးသတ်တွေက မီးလောင် မှုဖြစ်ပွား ရာနေရာကို အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံး ထွက်ခွာ ရပါတယ်။ ဘယ်သူကမှ မီးလောင်မယ် ဆိုတာကို ကြိုတင်ပြီး သိနိုင်တာ မဟုတ်ပါဘူး။ အခုမီးလောင် မှုမှာလည်း ကျွန်တော်တို့ ဘရားကြီး မီးသတ်ရော မုံရွာမြို့နယ် မီးသတ် ဦးစီး ဌာနက မီးသတ်ကားတွေရော အချိန်မှီရောက်ရှိခဲ့ပါတယ်။"ဟု ဘုရားကြီးရပ်ကွက် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါ တယ်။
Created By: myanmarexpress.net
Time in Rangoon

0 comments:
Post a Comment