Monday, January 07, 2013

ရခိုင်စက်လှေ လုပ်သားအား ပင်လယ်ထဲတွင် ဘင်္ဂါလီများက သေနတ်ဖြင့်ပစ်ခတ်

Posted by drmyochit Monday, January 07, 2013, under | No comments

ပေါက်တောမြို့နယ်၊ သဲခုံကျွန်း မှရေလုပ်သား တစ်ဦးဖြစ်သူ ချင်းတောင်း (၃၅နှစ်)သည် ယနေ့နံနက် ၃နာရီ ခွဲခန့်တွင် အွိုင်စတာ မီးပြ အနီးပင်လယ်ပြင်တွင် ကမ်းဝေး ငါးဖမ်းလှေ တစ်စီးမှ ငါးဝယ် ယူနေ စဉ်၊ အနီး မှဖြတ်သွား သည့် ဘင်္ဂလီလှေတစ်စီးမှ တူမီးသေ နတ်ဖြင့် ပစ်ခတ်သဖြင့် ၀မ်းဗိုက်တွင် ဒဏ်ရာ ရရှိသွား သည်။

တိုက်ခိုက် ခံရသည့် နေရာ ၀န်းကျင်တွင် ဆင်တက်မော် ၊ အနောက်ရွဲ ၊ စစ်ကဲပြင် အစရှိသော ဘင်္ဂါလီ ရွာကြီးများ တည်ရှိကြသည်။ ဘင်္ဂလီ -ရခိုင်ပဋိပက္ခအပြီး ဘင်္ဂလီများသည် လုံခြုံရေးအား နည်းသောနေ ရာများ တွင် ရခိုင်များအား ရန်စတိုက်ခိုက်လေ့ရှိပြီး

တရားခံများအားဖမ်းဆီးရမိသည်ဟုမကြားရပေ။ ပြီးခဲ့သောဒီဇင်ဘာလ (၂၆) ရက်နေ့ ကလည်း ဂဏန်း ဖမ်းနေသောပေါက်တော မြို့နယ် စိုင်တုတ်ရွာသားရခိုင်ရေလုပ်သားနှစ်ဦးအား ဘင်္ဂလီများက ဖမ်းဆီး သွားသဖြင့်ဒေ သခံများ ကသွားရောက် ကယ်ဆယ်ရာ ဒဏ်ရာ များဖြင့်လွတ်မြောက် လာသည်။

ယနေ့ ဒဏ်ရာရှိသော ကိုချင်းတောင်းအား စစ်တွေနာရေးကူညီမှုအသင်းက စစ်တွေ အင်းပေါက် ၀ကမ်း တွင် သွားရောက်ကြိုယူကာ စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။

Coral Arakan News 







0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်