Monday, January 07, 2013

KIA အဖွဲ့သည် အစိုးရကို ပုန်ကန်နေသောသူပုန်အဖွဲ့ဖြစ်ကြောင်း KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ကိုယ်တိုင် ထုတ်ဖော်ဝန်ခံပြောကြားခြင်း

Posted by drmyochit Monday, January 07, 2013, under | No comments



ယခုတလော အင်တာနက်စာမျက်နှာတွေပေါ်မှာ အစိုးရတပ်တွေက KIO/ KIA အဖွဲ့အပေါ် လေကြောင်းမှ ပြင်းပြင်း ထန်ထန် တိုက်ခိုက်ချေ မှုန်းတဲ့ သတင်း များနှင့်အတူ ဂယောင်ချောက် ချားနဲ့ သက်ပြင်း တချချ လုပ်ပြီး ဘုရား သခင်က တိုက်ခိုင်းလို့ ကျူးကျော်သူ ဗမာတပ်ကို တိုက်ခိုက်နေ ရပါတယ် ဆိုတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ Interview ကို အံ့သြဖွယ်ရာ နားထောင်လိုက် ရပါတယ်။

ဘာဖြစ်လို့ အံသြရ သလဲဆိုတော့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ Interview ဖြေဆို ချက်တွေအရ KIA အဖွဲ့ ဟာ အစိုးရကို ပုန်ကန်နေတဲ့ သူပုန် အဖွဲ့ဖြစ်ကြောင်း၊ တရုတ် ဗဟို အစိုးရက KIA ကို မထောက် ခံပေမဲ့ ယူနန်ပြည်နယ် အစိုးရနဲ့ ရွှေလီမှာ ရှိတဲ့ တရုတ် စီးပွားရေး သမားများက KIA ကို ထောက်ခံနေကြောင်း၊ တရုတ် ပညာရှင်များ အကူ အညီနဲ့ လက်နက် များထုတ် လုပ်သုံးစွဲပြီး တိုက်ပွဲကြီး များကို ရင်ဆိုင်နိုင်တဲ့ စစ်သွေးကြွ ကချင် လူမျိုးများ စုစည်းမှုရှိနေကြောင်း၊ ကချင်အချင်းချင်း စည်းလုံး ညီညွတ် မှုရှိလာပါ တယ်လို့ပြောပြီး လချိတ် လူမျိုး အများ စုဖြစ်တဲ့ NDAK အဖွဲ့က ဘိန်းစိုက်နေကြောင်း ၊ ဗမာလူ မျိုးများက ကချင်တွေကို မူးယစ်ဆေး ၀ါးရောင်းခိုင်း၊ စိုက်ခိုင်း၊ သုံးစွဲခိုင်း တယ်ဆိုတဲ့ ယုတ္တိ မရှိတဲ့ စွပ်စွဲ ချက်တွေနဲ့ ကိုယ့်ကချင် လူမျိုးတွေ ကိုနိမ့်ချပြီး ကချင်တွေဟာ ဘိုးဘွား အစဉ် အဆက် မူးယစ်ဆေးဝါး သုံးစွဲတတ် တယ် ဆိုတဲ့ အကြောင်းအရာ တွေကို မကြောက်မလန့်နဲ့ ခပ်တည်တည် Internet မှတစ်ဆင့် သက်သေခံ ချက်ဆိုပြီး ကိုယ်တိုင် ထုတ်ဖော်ဝန်ခံ ပြောကြားခဲ့ပါတယ်။ 




အထူးသဖြင့် Interview မေးမြန်းသူရဲ့ ပညာသား ပါတဲ့ အတို့ အထောင်မေးခွန်းတွေ အပေါ် လူမျိုးရေး အမြင် ကျဉ်းမြောင်းတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ ပြောကြား ချက်များကြောင့် ကချင် လူမျိုး များကို နိုင်ငံ တကာမှ သနားညှာ တာမှု၊ မေတ္တာ သက်ဝင်မှု မဖြစ်စေဘဲ တယူသန်၊ ခေါင်းမာ သူများရဲ့ လက်နက် အားကိုး ၊ အကြောက် တရားနဲ့ ဖိနှိပ်ခံ ထားရတဲ့ ပညာမတတ်၊ ဆင်းရဲနုံချာတဲ့ ဘ၀ပေး မကောင်းသူ လူ့အသိုင်း အ၀န်း အဖြစ်သာ မြင်စေ ပါတယ်။ 

အဆိုးဆုံး ကတော့ ဘုရား သခင်ရဲ့ အလိုကျ၊ ဘုရား သခင်ရဲ့ ခိုင်းစေ ချက်ကြောင့် စစ်တိုက်နေရ ပါတယ် ဆိုတဲ့ အယူအဆဟာ ဒီနေ့ကမ္ဘာက လက်မခံတဲ့ အစ္စလာမစ်အစွန်းရောက်အကြမ်းဖက်အဖျက်သမား များရဲ့ အယူ အဆနဲ့ ထပ်တူ ဖြစ်နေတာကို စိုးရိမ်ဖွယ်ရာ မြင်တွေ့နေရပြီး ဒီလိုလူမျိုးတွေ KIA အဖွဲ့တွင်း ရှိနေခြင်းဟာ ကချင်မျိုးနွယ်စုများအတွက် အလွန် အန္တရာယ်ကြီးပါတယ်။



ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ အမိန့်အရ ဒီနေ့  ကချင်ပြည်နယ် အတွင်းမှာ စစ်ပွဲ များနဲ့ မဆိုင်တဲ့ တံတားတွေကို မိုင်းခွဲ ဖျက်ဆီးတာ၊ အပြစ်မဲ့တဲ့ ကချင်လူငယ်တွေ ကိုယ့်မိုင်းကိုယ်ကွဲပြီး သေကြေပျက်စီး ရတာ၊ အဖိုးအဖွား ကလေး ငယ်တွေ ဒုက္ခသည်စခန်းကို ရောက်ရှိရတာ၊ အေးချမ်းစွာလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူ လူထုကို အခွန်ဆိုပြီး မတရားသဖြင့် ဆက်ကြေးကောက်ခံတာတွေကို ဘုရားသခင်ခိုင်းလို့ လုပ်ရပါ တယ်ဆို တာကတော့ ရူးကြောင်ကြောင် သွေးရူးသွေးတန်းစကား ဖြစ်ပါတယ်။ သူပုန်အဖွဲ့ရဲ့ အဖျက်လုပ်ရပ်တွေကို ကျွန်တော် တို့ ကချင်လူမျိုးများ အပါအ၀င် ယဉ်ကျေးတဲ့လူ့အသိုင်းအ၀န်းက လက်ခံမယ်မထင်ပါဘူး။ ဒါ့ကြောင့် လည်း ဘုရားသခင်ရဲ့ အမည် နာမတော်နဲ့ သမ္မာကျမ်းစာတွေကို အစွန်းရောက်ပြီး အဓိပ္ပါယ်ကောက် မှားတဲ့ တစ်နေ့သုံးကြိမ် ဘုရားဝတ်ပြုတဲ့ စာတန်ဂမ်ရှောင်ကို ဘုရားသခင် ရဲ့အလိုတော်ကျ တပည့်များကလက်စွမ်းပြ လိုက်ပြီဖြစ် ပါတယ်။ ဗိုလ်ချုပ် ဂမ်ရှောင်ကို ဘုရားသခင် ကောင်းချီးပေး ပါစေ.....


From : ဦးစခုန်ဇော်ရော် (ဝိုင်းမော်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်