Monday, January 07, 2013

၆-၁-၂၀၁၃ လိုင်ဇာသို့ ပစ်ခတ်ခြင်းမရှိ၊ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံခြင်းသာဖြစ်

Posted by drmyochit Monday, January 07, 2013, under | No comments

ယနေ့နံနက် သတင်းထွက်ပေါ်ခဲ့သည့် လိုင်ဇာသို့ ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြင့် ပစ်ခတ်သည် ဆိုေ သာ သတင်းမှာ အွန်လိုင်း ကေအိုင်အေ တို့ လုပ်ကြံသော သတင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ သတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ဒုက္ခသည် များ ၀ိုင်းရထားသည့် အတွက် ပစ်ခတ်၍ မဖြစ်နိုင်ေ ကြာင်း၊ လဂျားယန် တောင်ကြောမှ ပစ်ကွင်း မရှင်းလင်းသည့် အနေအထားများ ရှိကြောင်း၊ လဂျား ယန်နှင့် ယခင် စခန်းများသို့ လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ပြီးသည် ဖြစ်သည့် အ တွက် တိုက်ခိုက်မှုများ ရပ်နားပြီး ဖြစ်ကြောင်း၊ ကေအိုင်အေမှ လာရောက် ပစ်ခတ်သည့် နေရာအချို့ ကိုသာ ခြောက်လှန့် ပစ်ခတ်မှုများ ရှိကြောင်း ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ပါသည်။

၎င်းမှ လဂျားယန် တောင်ပေါ်သို့ ဟောင်ဝဇ်ဇာ အမြောက်ကြီးများ သယ်ဆောင် သွားခြင်း မရှိကြောင်း၊ ပုံမှန် တပ်ရင်း အဆင့် လက်နက်များသာ သယ်ဆောင် သွားကြောင်း၊ ယခုအထိ စစ်ရေးအရ ဆောင်ရွက် ချက် များ မှာ မိမိတို့အနေဖြင့်မူ အားရ စရာ မရှိကြောင်း ဆက်ပြောခဲ့သည်။

တရုတ်ပြည် အတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်များနှင့် ပတ်သက်၍ မိမိ တို့မှ ပစ်ခတ်ခြင်း မဟုတ်ဘဲ ကေအိုင်ေ အမှ လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်သည်ဟု တာဝန်ရှိ သူများက ရှင်းလင်းခဲ့သည် ဟု ကြားေ ကြာင်း ၄င်းမှ ပြောပြခဲ့သည်။

Created By: http://www.oppositeyes.info/2013/01/blog-post_8641.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်