Monday, January 07, 2013

အင်ဒို နိုင်ငံခြားရေးဝန်ကြီး မြန်မာကို ဂုဏ်ပြုပြောကြား

Posted by drmyochit Monday, January 07, 2013, under | No comments

ဂျကာ တာမြို့က ဟိုတယ်တခုမှာ သောကြာနေ့က ကျင်းပတဲ့ ၆၅ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ် ရေးနေ့ အခမ်း အနားကို တက်ရောက် လာတဲ့ အင်ဒို နီးရှားနိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာ လီဂါဝါ က မြန်မာ အစိုးရနဲ့ အင်ဒို နီးရှား အစိုးရ အကြား ဆက်ဆံရေးတွေ တနေ့ တခြား တိုးတက် ကောင်းမွန် လာနေကြောင်း၊ မြန်မာပြည်ရဲ့ ဒီမို ကရေ စီပြုပြင်ပြောင်း လဲမှုတွေ ကို အသိ အမှတ်ပြု ပါကြောင်း စသဖြင့် ပြောဆိုခဲ့ ပါတယ်။ 

အင်ဒိုနီး ရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းလွင် ကလည်း မြန်မာနဲ့ အင်ဒိုနီးရှား ၂ နိုင်ငံအကြား အပြန် အလှန်လေး စားမှုနဲ့ နားလည်မှုတို့ကိုအခြေခံပြီး နွေးထွေး ချစ်ကြည်စွာ ဆက်ဆံရေးကို ထူထောင်ထားရှိခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါကို ပြန် လည်ပြော ဆိုပါတယ်။

အင်ဒို နီးရှားနိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ ဟာ မနက်ဖန် ဇန်နဝါရီလ ရ ရက်နေ့မှာ မြန်မာနိုင်ငံကို ၂၄ နာရီကြာ အလည် အပတ်သွားရောက်ပါလိမ့်မယ်။

အဲဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၁ သန်းလှူဒါန်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ကြေညာထားပါတယ်။

Created By: http://www.myanmarexpress.net/2013/01/blog-post_9238.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်