Monday, January 07, 2013

ကေအိုင်အေသောင်းကျန်းသူများမှ ကြက်လျှာစွန်းအုတ်ခုံအား မိုင်းထောင်ဖောက်ခွဲ

Posted by drmyochit Monday, January 07, 2013, under | No comments

၃-၁-၂၀၁၃ ရက်နေ့ ၂၃၁၀ အချိန် ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက် ဗန်းမော်-မြစ်ကြီးနား သွားကားလမ်း မိုင်တိုင် (၃၇၈/၃)နှင့် (၃၇၈/၄)အကြား ကြံခင်းရွာသွား ကားလမ်းခွဲအနီးရှိ ကြက်လျှာစွန်း အုတ်ခုံ အခြေတွင် ကေအိုင်အေ သောင်းကျန်း သူများထောင် ထားသော ကြီးကြပ် မိုင်း ၁ လုံး ပေါက်ကွဲ ခဲ့၍ ကြက် လျှာ စွန်း အုတ်ခုံမှာ ၂ ပေခန့် ကွဲကြေ ပျက်စီး သွားခဲ့ပြီး ၄င်းနေရာ၏ အနောက်တောင်ဘက် ကိုက်(၁၀၀)ခန့်အကွာ ဗန်းမော်-မြစ်ကြီးနား သွားကားလမ်း၊ လမ်းယာဘက်ရှိ လူနေထိုင်ခြင်းမရှိသည့် ဒေါ်မြင့်ကြည်၏ နေအိမ်ဝင်းအတွင်း အိမ်ဆောက်ရန် အုတ်မြစ်ချထားသည့် အုတ်ခုံ၏ ယာဘက်ထောင့်တွင် ကေအိုင်အေသောင်း ကျန်းသူများ ထောင်ထားသော ကြီးကြပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် အုတ်ခုံ၏ကျင်တွယ်တိုင်(၁)တိုင် ကွေးညွတ် ပျက်စီးသွားခဲ့ပြီး လူ/ယာဉ် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။


From :ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်