Monday, February 04, 2013

မန္တလေး အလုပ်အကိုင်အခွင့်အလှမ်းပြပွဲနှင့် အတွေးအမြင်

Posted by drmyochit Monday, February 04, 2013, under | No comments


ဖေဖော်ဝါရီလ ၃ ရက်နေ့ (စနေနေ့) က မန္တလေးမြို့ ရှိ ရတနာပုံ စူပါစင်တာမှာ ကျင်းပတဲ့ ပထမဆုံး အလုပ်အကိုင်အခွင့်အလှမ်း ပြပွဲကြီး ဖြစ်ပါတယ်။

ပထမဆုံးဆိုတာ ၂၀၁၃ ခုနှစ်အတွက် ပထမဆုံးဖြစ်ပါတယ်။ ပွဲကို တစ်ရက် တည်း ကျင်းပတာ ဖြစ်ပြီး မန္တလေးမြို့ နေ ပြည်သူများအပြင်၊ မန္ဆလေးနဲ့ နီးစပ်တဲ့ မြို့ ကြီးမြို့ ငယ်များမှ လူငယ်၊လူလတ်ပေါင်း များစွာ လာရောက် အလုပ်ရှာဖွေခဲ့ကြပါတယ်။

ပွဲပေါ် အမြင်

အရမ်းကောင်းပါတယ်။ ဝမ်းသာစရာ အချက်ကတော့ လူတိုင်း အလုပ်မရ တောင် အလုပ်ရဖို့ အခြေအနေတစ်ခုကို ကြိုးစာဖန်တီးပေကြလို့ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကတော့ လုပ်သားလိုအပ်ချက်နဲ့ လုပ်သား အရေအတွက် ပေါင်းစုံမှ အားနည်းခြင်း ဖြစ်ပါတယ်။ ဥပမာ- ပြပွဲကို လာရောက်သူ ထောင်ဂဏန်း မကရှိပြီး အဆင့်မြင့် ဘွဲ့ဖြင့် အောင်မြင်သူ ပိုမို များပြား ပါတယ်။ သို့သော် အလုပ်ရဖို့ ဆိုတာ သူတို့အတွက် ခက်ခဲတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဥပမာ- စီဗီ ကောင်းကောင်း မရေးတတ်သော လူပေါင်း များစွာ ရှိနေပါတယ်။

ဘာတွေလိုအပ်သလဲ

လိုအပ်တာကတေ့ အများကြီးပါပဲ။ ဘာတွေလုပ်ရမယ်ဆိုတကတေ့ လုပ်လို့ရတာ မှန်သမျှ အကုန်လုပ်ဖို့ပါပဲ။ လုပ်ငန်းရှင်တွေဘက်ကလည်း လုပ်သားအများကြီး လိုအပ်နေပြီး လုပ်သာကလည်း အလုပ်များစွာ လိုအပ် နေပါတယ်။

ယင်းအချက်တွေကို စာရေးသူတို့ www.job.com.mm ဝဘ်ဆိုဒ်မှ ပြခန်းသွားဖွင့်ရင်း သိလာရ တာ ဖြစ်ပါ တယ်။ marital Status မှာ None ဖြေတဲ့ သူနဲ့ No ဖြေတဲ့သူနဲ့ စုံလင်နေခဲ့ပါတယ်။ စီဗီဖောင် ၄၀၀ ကျော်ရ ထားပါတယ်။ သို့ပေမယ့် လုပ်ငန်းရှင် ယုံကြည်စိတ်ချရတဲ့ လုပ်သား အရေအတွက် ဘယ်လောက်ရှိ မယ်ဆို တာ မသိသေပါဘူး။ ထိုနည်းတူစွာပဲ လုပ်သားတွေစိတ်ချရမယ့် လုပ်ငန်းရှင် ဘယ်လောက်ရှိမလဲ ဆိုတာကို လည်း မသိနိုင်သေး ပါဘူး။

ဒီလိုနဲ့ မြန်မာပြည်ရဲ့  လုပ်သားလိုအပ်ချက်၊ လုပ်ငန်းရှင် လိုအပ်ချက် ကို ဖြည့်ဆည်းဖို့အတွက် Job.com.mm လည်း ခေါင်းစားနေဆဲ ပါပဲ။ မြန်မာပြည်က လူတန်းစေ့ အလုပ်အကိုင်ရရှိရေး ဆိုတဲ့ ရည်မှန်းချက်ဟာ မဝေးတော့တဲ့ အနာဂတ်မှာ ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်

AK (job.com.mm)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်