Monday, February 04, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မ တီနှင့် ကေအိုင်အို ပူးတွဲ ကြေညာချက် ထုတ်ပြန်

Posted by drmyochit Monday, February 04, 2013, under | No comments



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေး အဖွဲ့တို့သည် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ယူနန်ပြည် နယ်၊ ရွှေလီမြို့ တွင် တွေ့ဆုံဆွေးနွေး ခဲ့သော ဆွေးနွေးပွဲတွင် နှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်း ထား ရှိရေး၊ နှစ်ဖက် စစ်ရေး တင်းမာမှုများ လျှော့ ချနိုင်ရေး၊ နောက်တစ်ကြိမ် အစည်းအဝေး အတွက် ပြင် ဆင်မှု၊ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့် အဖွဲ့ အစည်း များအား ဖိတ်ခေါ်ရေး တို့ကို ဆွေးနွေး ခဲ့ကြကြောင်း၊ နောက် တစ်ကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့ အစည်း အနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလ မကုန်မီ ကျင်းပရန်နှင့် အစိုးရနှင့် KIO ကြား နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားကြရန် သဘောတူကြောင်းနှင့် အစိုးရနှင့် KIO ကြား ခိုင် မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင် အထည်ဖော်နိုင်ရန် ပဋိပက္ခ ဖြစ် ပွားသော နေ ရာ များကို လေ့လာ စောင့်ကြည့် စီစစ်ရေး စနစ် ပေါ်ပေါက်ရန် ဆက် လက် ဆွေးနွေး ဆောင် ရွက်ရန် သဘောတူညီကြောင်း ပူးတွဲ ကြေညာချက် တစ်စောင်ကို ယနေ့ ညနေ တွင် ထုတ်ပြန် ခဲ့ သည်။

From:Hmuu Zaw

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်