Monday, February 04, 2013

ပဋိပက္ခ ဖြစ်ပွားရာနေရာများသို့ လေ့လာစောင့်ကြည့် စိစစ်ရေးစနစ် ပေါ်ပေါက်ရေးအတွက် ဆက်လက် ဆွေးနွေးရန် အစိုးရနှင့် KIO သဘောတူ

Posted by drmyochit Monday, February 04, 2013, under | No comments


ခိုင်မာသော စစ်ပြေ ငြိမ်းရေးကို အလျင် အမြန် အကောင် အထည် ဖော်နိုင်ရန် ပဋိ ပက္ခ ဖြစ်ပွားရာ နေရာများ သို့ လေ့လာ စောင့်ကြည့် စိစစ်ရေး စနစ် ပေါ်ပေါက်ရန် ဆက်လက် ဆွေးနွေး ဆောင်ရွက် သွားရန် သဘော တူညီကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်သော အစိုးရနှင့် KIO/KIA တို့၏ ပူးတွဲ ကြေညာ ချက်တွင် ဖော်ပြ ပါရှိသည်။


အဆိုပါ ကြေညာ ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် KIO တို့ ဖေဖော်ဝါရီ ၄ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၁၅ မိနစ် အထိ တရုတ်နိုင်ငံ ရွှေလီမြို့၌ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှု အပြီးတွင် နှစ်ဘက် အဖွဲ့အစည်းမှ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခု ဆွေးနွေး ပွဲတွင် နှစ်ဦး နှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်း ထားရှိရေး၊ နှစ်ဘက် စစ်ရေး တင်းမာ မှုများ လျော့ချ နိုင်ရေး၊ နောက် တစ်ကြိမ် ဆွေးနွေး ပွဲတွင် လေ့လာ သူများနှင့် သက်သေများ အဖြစ် ပါဝင် နိုင်သည့် အဖွဲ့ အစည်း များအား ဖိတ်ခေါ်ရေး များကို ဆွေးနွေး ခဲ့ကြကြောင်း ကြေညာ ချက်တွင် ပါရှိသည်။

ထို့အပြင် ကြေညာ ချက်၌ နောက်တစ်ကြိမ် ဆွေးနွေး ပွဲကို KIA အဖွဲ့အစည်းအနေဖြင့် UNFC နှင့် ညှိနှိုင်းပြီး နောက် ဖေဖော်ဝါရီလ မကုန်မီ ကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေး ဆွေးနွေးပွဲ များကို ဆက်လက် ကျင်းပ သွားကြရန် သဘောတူ ပါကြောင်းလည်း ပါဝင်သည်။

ဆွေးနွေးပွဲတွင် KIO အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဦးဆွမ်လွတ်ဂမ်၊ ဦးလဖိုင်လ တို့အပြင် ဒုတိယတန်း အရာရှိများ အပါအ၀င် ၆ ဦး တက်ရောက် ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ပြည်ထောင်စု ၀န်ကြီး ဖြစ်ကြသော ဦးအောင်မင်းနှင့် ဦးအုန်းမြင့်တို့ အပါအ၀င် ၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့၊ ကရင် အမျိုးအသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှုး ပဒို စောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်တစ်ဦး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှုးချုပ် စိုင်းလူနှင့် အဖွဲ့ဝင်နှစ်ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗိုက်လျံတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ယခင်ပြု လုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကချင်ပြည်နယ်၌ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ စီစဉ်ခြင်း ဖြစ်ပြီး ယခုဆွေးနွေးပွဲကိုမူ တရုတ်အစိုးရမှ စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်