Monday, February 04, 2013

နေ့စားအလုပ်သမားနှစ်ဦး ဘိလပ်မြေဖျော်စက်အတွင်း ဂျိုးခွာနေစဉ် စက်မောင်းခဲ့သဖြင့် သေဆုံးမှုဖြစ်ပွား

Posted by drmyochit Monday, February 04, 2013, under , | No comments

ဘုရင့်နောင်အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်၌ နေ့စားအလုပ်သမားနှစ်ဦး ဘိလပ်မြေဖျော် စက်အတွင်း ချိုးခွာနေစဉ် စက်မောင်းခဲ့သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဘုရင့်နောင် အမှတ် (၂) တံတားဆောက် လုပ်ရေး စီမံကိန်း လှိုင်သာယာဘက်ခြမ်း လုပ်ငန်းခွင်၌ နေ့စားအလုပ်သမားများဖြစ်သူ ခင်ဇော် (၁၇နှစ်) နှင့် ဘိုဘို (၁၉) နှစ် နှစ်ဦးတို့သည် ဘိလပ်မြေဖျော်စက်အတွင်း ချိုးခွာနေခဲ့ကြသည်။


ထိုအချိန်တွင် ဘိလပ်မြေဖျော်စက်မောင်းသူ ကိုအောင်သူရ (၂၃နှစ်) သည် ဘိလပ်မြေဖျော်စက်အား ခလုတ် ဖွင့်လိုက်စဉ် စက်အတွင်း ချိုးခွာနေကြသော ခင်ဇော်နှင့် ဘိုဘိုတို့ နှစ်ဦးမှာ စက် အတွင်းညှပ်မိပြီး ခင်ဇော်မှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားပြီး ဘိုဘိုမှာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အမျိုးသားနှစ်ဦးသည် ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာ မြို့နယ်တွင် နေထိုင် သူများဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင် အမှတ် (၂) တံတား ချဉ်းကပ်တံတား အပိုင်းအား Yangon Crown ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို လှိုင်သာယာရဲစခန်းမှ (ပ)၁၃၂/၂၀၁၃၊ ပုဒ် မ- ၃၀၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ ကျူးလွန် သူအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်