Monday, February 04, 2013

မိခင်ဆန်သော ယောက်ျားများ

Posted by drmyochit Monday, February 04, 2013, under | No comments




အိမ်ထောင် တစ်ခု ရွေးချယ်တဲ့ နေရာမှာ ကိုယ့်အိမ်ထောင်ဖက်ဟာ စိတ်ကူးတဲ့ ရွှေမင်းသားလေး လို ဖြစ်မှ ဆိုတဲ့ စံတွေ သတ်မှတ်မှုဟာ လက်ရှိဘ၀နဲ့ အံဝင်ခွင်ကျ ရှိဖို့ဆိုတာ အင်မတန်မှ ဖြစ်နိုင်ချေ နည်းပါတယ်။
ကိုယ့်စိတ်ကူးထဲမှာ ရုပ်ချောရမယ်၊ ထက်မြက်ရမယ်၊ ပိုက်ဆံ ရှိရမယ်၊ ကိုယ့်အပေါ်လည်း တအား ချစ်ရမယ်၊ ကိုရီးယား မင်းသားလေးလိုလည်း ဖြစ်ရမယ် ဆိုတဲ့ စံသတ်မှတ်ချက်တွေဟာ တကယ့် ပျော် ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ထောင်တဲ့ နေရာမှာ အရေး မပါတဲ့ အချက်တွေနဲ့ စိတ်ကူးယဉ်တဲ့ အချက်တွေ ဖြစ်နေ တတ်ပါတယ်။


အိမ်ထောင်ဖက် ရွေးချယ်တဲ့ နေရာမှာ ရွေးချယ်သင့်တဲ့ ယောက်ျား အမျိုးအစား တစ်ရပ် အကြောင်း ကို ဖော်ပြ ချင် ပါတယ်။ သူတို့ဟာ ရုပ် ချောသည်လည်း ရှိမယ်၊ ပိုက်ဆံ ရှိချင်လည်း ရှိမယ်။ ဒါပေမဲ့ အောက် က အ ချက် အလက် တွေနဲ့တော့ ပြည့်စုံကြပါတယ်။

အမှန်တော့ မိခင်ဆန်တဲ့ ယောက်ျားတွေဟာ အရာရာ ပုရိသ ၀ါဒတွေနဲ့ ကြီးစိုးနေတဲ့ ကမ္ဘာကြီးကို ဟန်ချက် ညီအောင် ထိန်းညှိ ပေးနေတဲ့သူတွေပါ။ မိခင်ဆန်တဲ့ ယောက်ျားတွေရဲ့ လက်္ခဏာကို အောက်ပါ အချက် အလက် တွေကို ကြည့်ပြီးသိနိုင်ပါတယ်။

ပတ်ဝန်းကျင်ကို စောင့်ရှောက် သူများ သူတို့ဟာ သူတို့ ပတ်ဝန်းကျင် ကို ထိန်းသိမ်း စောင့်ရှောက် လိုစိတ် ရှိကြ တယ်။ ဆိုကြပါစို့။ သူတို့ရဲ့ မိသားစု၊ လုပ်ငန်းခွင်၊ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေ အပေါ် ပြု စု စောင့်ရှောက် လို စိတ် ရှိကြတယ်။ လူတစ်ဖက်သားရဲ့ ခံစားချက်ကိုလည်း နားလည် ခံစား ကိုယ်ချင်း စာ နိုင်ကြတယ်။ နယ်ပယ် တိုင်းမှာ ပတ်ဝန်း ကျင်ကို စေ့စေ့ စပ်စပ် လေ့လာတတ် သူတွေ လည်း ဖြစ်ကြတယ်။ ပတ်ဝန်း ကျင်ကို လျစ်လျူ ရှုပြီး မနေတတ်ကြ ဘူး။

သည်းခံတတ်ခြင်း

သည်းခံခြင်း ရှိတယ်။ သည်းခံ ခြင်းဆိုတာ ရန်လိုခြင်းကို အနိုင်ယူ ဖို့ အတွက် အကောင်းဆုံးလက်နက် ပဲဖြစ် တယ်။ သည်းခံခြင်းဟာ ရန်လို ခြင်းသာမက ပဋိပက်္ခ၊ ရန်ပွဲတွေကို ပါ အနိုင်ယူတယ်။ သည်းခံတတ်တဲ့ စိတ်ဟာ လူသား တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အခြေခံအကျဆုံး စိတ်နေ သဘောထား လည်းဖြစ်တယ်။

သည်းခံ တတ်တဲ့ စိတ်ကို မွေးမြူထား တဲ့သူတွေဟာ အတ္တ ဗဟိုပြုစိတ် ထက် အများ ဗဟိုပြု စိတ်ကို တ ဖြည်းဖြည်း ဦးတည် သွားနေတယ်လို့ ဆိုရမယ်။ အများအတွက် ရှေးရှုတဲ့ သူတွေဟာ သည်းခံစိတ် များတဲ့ သူတွေ လည်းဖြစ်တယ်။ သည်းခံစိတ် များလေလေ ပဋိပက္ခတွေ ကိုများ များရှောင်နိုင်လေ ပဲဖြစ်တယ်။ ချစ်သူ၊ လင်မယား ဆက်ဆံရေးမှာလည်း ယောက်ျားနဲ့ မိန်းမကြားမှာ သည်းခံ စိတ်တွေ များများ ရှိဖို့လိုတယ်။ သည်းခံစိတ် များတဲ့ ချစ်သူဟာ မိခင်စိတ်ရှိတဲ့ ယောက်ျားရဲ့ လက်္ခဏာ တစ်ရပ်လည်းဖြစ်ပါတယ်။

အနုပညာရှင်
အနုပညာ၊ ယဉ်ကျေးမှု၊ ဂီတ စာပေတို့ကို စိတ်ဝင်စား နှစ်ခြိုက်တဲ့ သူတွေမှာ အပြုသဘောဆောင်တဲ့ တန်ဖိုး တစ်ရပ်ရှိတယ်။ ဒီအပြုသ ဘောဆောင်တဲ့ တန်ဖိုးဟာ လူယဉ် ကျေးတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါတစ် ရပ်လည်းဖြစ်တယ်။ အနုပညာ၊ ယဉ်ကျေးမှုကို နှစ်ခြိုက်ပျော်မွေ့တဲ့ ယောက်ျားတစ်ယောက်ဟာ သူ့ ပတ်ဝန်းကျင်၊ သူ့အဖွဲ့အစည်းနဲ့ သူ့ ချစ်သူအပေါ်ကို အထောက်အပံ့ ပေးတတ်တယ်။ ထိခိုက်နစ်နာစေလို တဲ့သဘော၊ အနိုင်အထက်ပြုကျင့် လိုတဲ့သဘောတွေ မရှိတတ်ကြဘူး။ အနုပညာကို ချစ်တာဟာ လူ့ယဉ် ကျေးတစ်ယောက်ရဲ့ ဘာသာစ ကားတစ်ရပ်လည်းဖြစ်ပါတယ်။

လွတ်လပ်မှုကို တန်ဖိုးထားခြင်း

မိခင်စိတ်ရှိတဲ့ယောက်ျားတွေ ဟာ လွတ်လပ်မှုကို နှစ်ခြိုက်တယ်။ သူ့ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ လွတ်လပ်မှု အပေါ် လေးစားတယ်။ တန်ဖိုးထားတယ်။ နားလည်ပေး တတ်တယ်။ အတင်းအကျပ်အနိုင် အထက်မ လုပ်တတ်ကြ ဘူး။ သူ့ ဘက်ကိုယ့်ဘက်စဉ်းစားပေးတတ် တယ်။ ကိုယ့်အတ်္တကိုရွှေချထားဖို့ စိတ်ကူးမရှိကြဘူး။

စိတ်ဓာတ်မြင့်တင်ခြင်း

မိခင်စိတ်ရှိတဲ့ ယောက်ျားတွေ ဟာ လူတွေ နှစ်ခြိုက် တက်ကြွစေတဲ့ စကားတွေကို ပြောတတ်ကြတယ်။ လူတစ်ဖက်သားကိုအားတက်စေ အောင် ပြောဆိုတတ်ကြတယ်။ စိတ်ဓာတ်ကျအားငယ်စေတဲ့ စကား တွေမပြောတတ်ကြဘူး။

တာဝန်ခွဲယူခြင်း

မိခင်စိတ်ရှိတဲ့ ယောက်ျားတွေ ဟာ အိမ်မှုကိစ်္စတွေကို ခွဲဝေယူ တတ်ကြတယ်။ အိမ်မှုကိစ်္စဆိုတာ ဗာဟီရဆိုပေမယ့် ဘယ်လောက် များတယ်ဆိုတာကို သူတို့ဟာသူတို့ သိတယ်။ အ၀တ်လျှော်ရတာ၊ ဟင်းချက်ပေးရတာ၊ အိမ်မှုကိစ်္စသန့် ရှင်းရေးလုပ်ပေးရတာတွေဟာ သူ တို့အတွက် ရှက်ဖွယ်လို့မထင်ကြ ဘူး။ ချစ်သူအတွက် ကော်ဖီဖျော် ပေးရတာ၊ ဟင်းချက်ပေးရတာဟာ သူတို့အတွက် ယောက်ျားသိ က်္ခာကျတယ်လို့ မခံယူထားဘူး။ အိမ်ထောင်တစ်ခုကိုအတူတကွ ခွဲ ဝေထမ်းဆောင်ခြင်းပဲ ဖြစ်တယ်လို့ ခံယူထားတယ်။

အိမ်ထောင်ရေးအပေါ် စိတ် ၀င်စားခြင်း
မိခင်စိတ်ရှိတဲ့ယောက်ျားတွေ ဟာ မိန်းမတွေရဲ့ သားဖွားမှုကိစ်္စတွေ ကိုလည်း စိတ်ဝင်စားကြတယ်။ ဘာ ကြောင့်လဲဆိုတော့ ကိုယ့်ချစ်သူ၊ မိန်းမအတွက် အထောက်အပံ့ပေး နိုင်သမျှ ပေးစေချင်လို့ပဲဖြစ်ပါ တယ်။

အိမ်ထောင်သားမွေး ကိစ္စ
အိမ်ထောင်ရေး မှာလည်း မိန်း မအတွက် ရှေ့ရှုပြီး စဉ်းစားပေး တယ်။ တစ်ကိုယ်ကောင်း မဆန်ဘူး။ ရှာသမျှ အကုန်အပ် အိမ်ထောင်ရှင် ယောက်ျားတွေ အများစု ပြုလုပ်လေ့ရှိတဲ့ အပြုအမူ ပါ။ ရှာသမျှ အကုန် မအပ်ဘဲ ၀ှက် ထား၊ စုထားတတ်တဲ့ အကျင့်ပါ။ လင်ကျင့်ဝတ်ငါးပါးထဲမှာ အများ အတွက်နဲ့ တခြားကိစ်္စတွေအတွက် ငွေကြေးအသုံးပြုတာကိုလည်း မိန်း မကို ပွင့်ပွင့်လင်းလင်းပြောပြထား တတ်ကြတယ်။

တစ်လင် တစ်မယား
မိခင်စိတ်ရှိတဲ့ ယောက်ျားတွေ ဟာ တစ်လင် တစ်မယား စနစ်ကို တန်ဖိုးထားတယ်။ အိမ်ထောင်ဖက် အများ အပြား ထားခြင်းကို ကန့် ကွက်တယ်။ အိမ်ထောင်ဖက်အပေါ် သစ္စာရှိရှိနဲ့ တန်ဖိုးထားပြီးချစ်ကြ တယ်။

ဒါတွေဟာ မိခင်စိတ်ရှိတဲ့ ယောက်ျားတွေရဲ့ ၀ိသေသလက်္ခဏာ တွေပဲဖြစ်ပါတယ်။ ဒါတွေဟာ အိမ်ထောင်ဖက် တစ်ယောက်ကို ရွေးချယ်တဲ့နေရာမှာ အထောက် အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိ တဲ့အတွက်ဖော်ပြရင်း....။

By: Yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်