Monday, February 04, 2013

KIA က မြန်မာ့ တပ်မတော်ကို ဘာကြောင့် ထိုးစစ်ရပ်စေချင်တာလဲ

Posted by drmyochit Monday, February 04, 2013, under , | No comments

ကချင်ပြည်နယ် အတွင်း တပ်မတော်မှ ထိုးစစ်များ ရပ်ဆိုင်း ထားရန် သမ္မတကြီး ဦးသိန်းစိန်မှ ကာချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အမိန့်ပေးပြီးနောက်ပိုင်း တွင် နှစ်ဖက် စစ်ပြင်ဆင်မှုများကို အရှိန်မြှင့် လုပ်ဆောင် နေကြကြောင်း သိရှိရပါသည်။

တပ်မတော် အနေဖြင့်လည်း စစ်သည်များ သက်သာ ချောင်ချိ ရေးနှင့် တိုက်ရည် ခိုက်ရည် ပြည့်ဝစေရေး အတွက် ကျည်ကာ အကျီင်္များ၊ သံခမောက်များ ၀တ်ဆင်စေခြင်းဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တက်လာရေး ကျိုးပမ်း ဆောင်ရွက်ခြင်း၊ Logistic ခေါ် အုပ်ချုပ် ထောက်ပံ့မှု များကိုလည်း ရိက္ခာ /ခဲယမ်းများလည်း စုပုံ ထားကြောင်း သိရှိ ရပါသည်။ တိုက်ပွဲဝင် စစ်သည်များ အနေဖြင့် ရိက္ခာပိုင်းဆိုင်ရာ တွင်လည်း စည်သွပ် ရိက္ခာများ အစားထိုးခြင်း၊ ခဲယမ်းပိုင်းတွင် လည်း ကပစ(ခေါ်) ကာကွယ်ရေးပစ္စည်း စက်ရုံမှ ထုတ်လုပ်သည့် လေခွင်း နှင့် ကလပ်စတာ ဗုံးများကို လည်း ဖြည့်တင်းထားပါသည်။
လနက အနေဖြင့်လည်း ၁၂၀မမ၊ ၁၅၅ မမ အမြောက် စွမ်းရည် မြင့်မားရေးနှင့် လိုအပ်သည့် ခဲယမ်းများ ကိုလည်း ဖြည့်တင်း ထားပါသည်။

စစ်သည် များကိုလည်း တိုက်စစ် ထိုးစစ်ရပ်နား ထားချိန်တွင် အပြည့်အ၀ အားဖြည့် အနား ယူကာ နောက် တန်းမှ ပေးပို့ လာသော လစာပေး အဖွဲ့နှင့်အတူ စားသောက်ဖွယ် ရာများကို အပြည့် အ၀ ဖြည့်တင်း ထားကြောင်း သိရှိရပါသည်။ တပ်မတော် အနေဖြင့် နောင်တစ်ကြိမ် ထိုးစစ်၊ တိုက်စစ်၊ ချီစစ်များတွင် ယခင်က ထက် ပိုမို အစွမ်းထက် လာမှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

တပ်မတော်နှင့် လားလားမျှ မယှဉ်နိုင်သော KIA သောင်းကျန်းသူ တပ်ဖွဲ့ ၏ အားဖြည့်မှုမှာ လားလားမျှ ဆန့်ကျင် နေ ကြောင်း စုံစမ်း သိရှိရပါသည်။ ရင်း(၆) ပြိုကွဲ သွားပြီးနောက် ပိုင်း ပြန်ကျဲ သွားေ သာ သောင်း ကျန်း သူ များ သည် ဖားကန့် ဒေသတွင်းအကောက်ဂိတ် စခန်း များ ဖွင့်လှစ် ထားခြင်း၊ ကုမဏီများအား အရပ်ဝတ်ဖြင့် သွားရောက်ကာ ရှိသည့်လူအား ကုမဏီ တစ်ခုလျှင် တစ်လ ဆန်(၁၀) မဖြစ်မနေပေးရန်၊ ဆီနှင့် အခြား ကုန်ခြောက် ပစ္စည်း များကို လည်း အနည်းဆုံး (၁၀)ပိသာာ ပေးရန်နှင့် ငွေသား တရုတ်ငွေ ယွမ် ၂၀၀၀ ပေးရန်တို့ကို ခြိမ်းခြောက်တောင်း ဆိုထားပြီး စစ်တပ်သို့ သတင်းပေးပါက ခေါင်းဖြတ်မည့် ဟု ခြိမ်းခြောက် ထားကြောင်း သိရှိရပါသည်။ ဖားကန့်ဒေသတွင် လက်ရှိကုမဏီ ပေါင်း (၂၀၀)၀န်းကျင် ရှိနေ ပါသည်။

အဆိုပါ ဒေသတွင် တပ်မတော် မှ ထိုးစစ်ရပ်ဆိုင်းထားပြီး ဗျူဟာအဆင့် (၆)ဖွဲ့ရှိနေပါသည်။ တပ်မတော် မှKIA သောင်းကျန်းသူများအား သေနတ်သံ လုံးဝမထွက်ရန်နှင့်ရိက္ခာ အတွက် တောကောင် ပစ်ရပါ သည်ဆိုပြီး သေနတ်သံ မထွက်ရန် ဒေသခံများမှ တဆင့်ပြောဆိုထားရပါသည်။ အကယ်၍ သေနတ်သံ တစ်ချက် KIA သောင်းကျန်းသူများ ဖက်မှကြားရပါက စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြု လုပ်သွားရမည် ဖြစ်ကြောင်း အခြေချစစ်ဗျူဟာ ခန္တီးမှ စစ် ဗျူဟာမှူးမှ ပြောဆိုခြိမ်းခြောက်ထားရကြောင်း သိရှီရပါသည်။

(ခေတ်သစ်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်