ကမ္ဘာလှည့် ဖြေဖျော်လျက်ရှိတဲ့
American Idol ဆုရှင် နာမည်ကျော် ကန်းထရီး ဂီတ အဆိုတော်မလေး ကယ်ရီ အန်းဒါးဝု(ဒ်)
(Carrie Underwood) ဟာ အိုကလာဟိုးမားမြို့ရှိ သမိုင်းဝင် အိုဗာဟို(လ်) ဆာခြံဝင်းမှာ
၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလထုတ် Allure မဂ္ဂဇင်းရဲ့ မျက်နှာဖုံးအတွက် ဓာတ်ပုံ အရိုက်ခံပြီး
အင်တာဗျူး ဖြေကြား ခဲ့ပါတယ်။
အမျိုးသား ဟော်ကီလီ(ဂ်)အ ဖွဲ့ဝင်
Nashville Predators ဟော်ကီ အသင်းသား မိုက်ဖစ်ရှားနဲ့ အိမ် ထောင် သက် (၂)နှစ်ခွဲ ရပြီ
ဖြစ်တဲ့ အသက်(၂၉)နှစ်အရွယ် ကယ်ရီက မိမိ ခင်ပွန်းဖြစ်သူ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်
ဘူးလို့ ယုံကြည်ကြောင်း ပြောကာ ၂၀၁၂ ခုနှစ် ဇွန်လက အင်တာဗျူး တစ်ခုမှာ လိင်တူချင်း
လက်ထပ် မှုနဲ့ ပတ်သက် တဲ့သူ့ရဲ့ အငြင်းပွားစရာ ထင်မြင် ချက်တွေကို ထပ်မံ အတည်ပြု ထားပါတယ်။
“ကိုယ့်ရည်းစား၊ ကိုယ့်ဇနီး၊ ကိုယ့်မိသားစုနဲ့
ဝေးနေတဲ့အခါ လိမ်လိမ် မာမာ အမြဲ မနေတဲ့ ကျော်ကြား သူတွေ ဆုကြေးစား အားကစားသ မားတွေ
အများကြီး ကျွန်မတို့ တွေ့ခဲ့ ဖူးပါတယ်။ နင့်ခင်ပွန်းက အား ကစား သမားဖြစ်တယ်။ နုပျိုပြီး
ရုပ် ချောတယ်။ သူ့အတွက် နင်စိတ်မပူ ဘူးလားလို့ လူတွေက ကျွန်မကို မေးကြတယ်။ ကျွန်မ စိတ်ပူစရာ
မလိုပါဘူး။ ဘယ်သူ့မှ မိုက်လောက် မယုံကြည်ခဲ့ဖူးဘူး။ ဒါမှမဟုတ် ယုံကြည်မှု အဓိပ္ပာယ် အစစ်ကို
ကျွန်မ မသိလို့ ဖြစ်ချင်ဖြစ်မယ်။ မိုက်က ဖောက်ပြန်မှာ မဟုတ်ပါဘူး”လို့ ကယ်ရီက ပြောပါတယ်။
၂၀၀၈ ခုနှစ်က ဂီတပွဲ တစ်ပွဲမှာ စတွေ့ခဲ့တဲ့
မိုက်ဟာ မိမိနဲ့ ရှေ့သွား နောက်လိုက် ညီသူ ဖြစ်တယ်လို့ ကယ်ရီက ယုံကြည်ထားပါတယ်။ “ကျွန်မက
ဆွဲဆောင်မှုရှိတဲ့ အိမ်ရှေ့မင်းသားလေးကို ရှာတွေ့ ခဲ့တာပဲ” လို့ ပြောပါတယ်။
နှစ်ခြင်း ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်တဲ့
ကယ်ရီဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက လိင်တူခြင်း ထိမ်းမြားမှုနဲ့ ပတ်သက်တဲ့ စကားတွေကို
လန်ဒန်သတင်းစာ Independent မှာပြောလို့ သူ့ရဲ့ခရစ်ယာန် ဘာသာဝင် တေးချစ် ပရိသတ်တွေကြား
ဂယက် ရိုက်ခဲ့ပါတယ်။
“အဲဒီလို လက်ထပ်မှုတွေကို ကျွန်မ အားပေးပါတယ်။
ကျွန်မ ချစ်တဲ့သူကို လက်ထပ်လို့ မရဘူး ဆိုတာတော့ လက်မခံနိုင်ဘူး” လို့ သူက ပြောပါတယ်။
“ကျွန်မတို့အားလုံးဟာ ချစ်ခွင့် ရှိသင့်တယ်လို့
ယုံကြည်ပါတယ်။ ကျွန်မတို့ချစ်ချင်တဲ့လူတွေကို လူသိ ရှင်ကြား ချစ်လို့ ရရမယ်”လို့ ကယ်ရီက
ပြောပါတယ်။
ယခု Allure မဂ္ဂဇင်းအင်တာ ဗျူး မှာလည်း
ကယ်ရီက အဲဒီကိစ္စကို ထပ်မံပြောထားပါတယ်။
“ကျွန်မက ခရစ်ယာန်ဘာသာ ၀င်တစ်ဦးပါ။
ဘုရားသခင်ကို ကျွန်မ နှစ်သက်ကြည်ညိုပါတယ်။ ရှင်ဟာ ဘယ်သူဖြစ်ဖြစ်၊ ဘာပဲယုံယုံ၊ ဘ၀ကို
ဘယ်လိုပုံစံနဲ့ပဲ နေထိုင်သည်ဖြစ်စေ၊ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ ဆုံးဖြတ် ဖို့မဟုတ်ဘူး။
ကျွန်မမှာ တန်ခိုးမ ရှိဘူး။ အဲဒီတန်ခိုးကို မလိုချင်ဘူး။ ကျွန်မရဲ့ဘ၀ကို သူများ မကြိုက်
သည့်တိုင် သူများတွေကို ဘုရား သခင်က ချစ်ကြောင်း ပြသဖို့ ကျွန်မ လုပ်ပေးချင်ပါတယ်”လို့
ကယ်ရီက ပြောပါတယ်။
ကယ်ရီနဲ့ မိုက်တို့ဟာ ယခုအခါ လိင်တူ
ဆက်ဆံသူတွေကို လက်ခံတဲ့ ခရစ်ယာန် ဘာသာ အသင်း တစ်သင်းမှာ ပါဝင်ကြပါတယ်။
“ဘုရားသခင်က ကျွန်မတို့ အချင်းချင်းကို
ချစ်စေချင်တယ်။ စည်း ကမ်းတွေ ချမှတ်တာ ဒါမှမဟုတ် ငါ့ကို လူတကာက ကြိုက်မယ်လို့ ပြောတာမျိုး
မဟုတ်ဘူး။ ကျွန်မတို့ အားလုံး မတူကြပါဘူး။ အဲဒါက ကျွန်မတို့ကို သီးသန့်ဖြစ်စေတာပါ။
ကျွန်မတို့ဟာ တစ်ဦးကို တစ်ဦး ချစ်ဖို့ လိုတယ်။ အဆင်ပြေပြေ လက်တွဲ ကြရမယ်။ သူများကို
အကဲဖြတ်တာ ကျွန်မ အလုပ် မဟုတ်ဘူး”လို့ ကယ်ရီ က ပြောပါတယ်။
By: Yoyarlay
Time in Rangoon


0 comments:
Post a Comment