Monday, February 04, 2013

တမူးမြို့မှာ လက်နက်နဲ့ မူးယစ်ဆေးတွေ ဖမ်းမိ

Posted by drmyochit Monday, February 04, 2013, under | No comments





လက်နက် ခဲယမ်းများနှင့် မူးယစ်ဆေးဝါးတွေ အများအပြား မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း တမူးမြို့မှာ ဖမ်းဆီး ရမိတဲ့ သတင်းတခုကို ရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာနဲ့ သတင်းစာတွေမှာ ယနေ့ ဖော်ပြ ထားပါ တယ်။


အခုလို ဖမ်းဆီရမိတဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေဟာ

ဖမ်းဆီးရမိ ၃-၂-၂ဝ၁၃ ရက်နေ့ ဝ၇ဝဝ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး မူးယစ်(အထူး)အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ တမူးမြို့၊ စန္ဒကူး(၃)ရပ်ကွက်၊ အိမ်အမှတ်၊ စဒ-၃/၂ဝ နေအိမ် ရှေ့ လမ်းမပေါ်၌ ၈ဈ/×××× MICRO BUS အမျိုးအစား၊ မီးခိုး/နံ့သာရောင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းဖြစ်သူ အထက်ပါ လိပ်စာနေ စိုးမြင့်ဝင်း(၄၇)နှစ်နှင့် ဇနီးဖြစ်သူ မဖြူဖြူဝင်း(၄၃)နှစ်တို့ အား တွေ့ရှိသဖြင့် ရှာဖွေ စစ်ဆေးရာ ယာဉ်အလယ်ခန်းနှင့် နောက်ခန်းအတွင်းမှ စက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုးထားသည့် ဆူဒို အက်ဖီဒရင်း အာနိသင်ပါ အအေးမိနှာစေးပျောက်ဆေးပြား (အကြေ) ၁ဝဝ၈ဝဝဝ ပြား၊ အလေးချိန် ၁ဝဝ.၈ ကီလို၊ စုစုပေါင်းတန်ဘိုး ၁၂ဝ၉.၆ သိန်းအား သိမ်းဆည်းရမိခဲ့သည်။




၎င်းတို့၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်အောက်မှ လက်နက် မျိုးစုံ ၄ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ ゞင်းအပြင် နေအိမ်အိပ်ခန်းအောက် (၁ဝ)ပေပတ်လည် မြေအောက်ခန်းအတွင်းရှိ သံသေတ္တာ ၁ဝ လုံးအတွင်းမှ လက်နက်မျိုးစုံ ၉၂ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံ ၆ဝ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ကျည်မျိုးစုံ ၇၉ဝ၇ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၉၅ ခု၊ ယမ်းတောင့် ၂၅၁ တောင့်နှင့် ယမ်းကြိုးခွေ ၄ ခွေ တို့အား သိမ်းဆည်းရရှိခဲ့သည်။



စစ်ဆေးပေါ်ပေါက်ချက်များအရ ၂၃-၁-၂ဝ၁၃ ရက်နေ့တွင် တမူးမြို့နယ်၊ ခွန်မွန်းနွန်ရွာနေ ရဲဝင်းစိုး (၃ဝ) နှစ်မှ အိန္ဒိယနယ်စပ်တွင် ဆူဒိုအက်ဖီဒရင်းဆေးပြားများ ထည့်ထားသည့် စက္ကူဖာ (၆)ဖာအား သယ်ဆောင် ခငွေ ကျပ်သိန်း ၆ဝ ဖြင့် မန္တလေးမြို့သို့ ပို့ခိုင်းကြောင်း၊ ရဲဝင်းစိုးမှာ မန္တလေးမြို့သို့ ကြိုတင် ထွက်ခွာ သွားကြောင်း နှင့် စိုးမြင့်ဝင်းမှာ ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦးတွင် ရိက္ခာပို့နေသူဖြစ်ပြီး ၂ဝ၁ဝ ခုနှစ် ဇူလိုင်လခန့်တွင် ပြည်ထောင်စု အမျိုးသားလွတ်မြောက်ရေးတပ်ဦးမှ မှူးကြီး အဆင့်ရှိသူ ဦးတွန်ဘနှင့် ဗိုလ်အဆင့်ရှိသူ မြင့်အောင်တို့မှ အဆိုပါလက်နက်သေတ္တာ (၁ဝ)လုံးအား လာရောက် အပ်နှံထား၍ သိမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ တွေ့ရှိသူ စိုးမြင့်ဝင်း၊ မဖြူဖြူဝင်းနှင့် ဖမ်းဆီးရန် ကျန်ရှိသော ရဲဝင်းစိုး တို့အား တမူးရဲစခန်း၊ မူးယစ်(ပ) ၁၂/၂ဝ၁၃ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၂ (ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ရဲဝင်းစိုးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်