Monday, February 04, 2013

THE LADIES ဂျာနယ်မှ မြန်မာ့ တပ်မတော်မှ ကလေး စစ်သားများ စုဆောင်း အသုံးပြုဆဲ ဆိုသည့် အစီရင် ခံစာ သတင်းတွင် ဓာတ်ပုံ လိမ်လည် ဖော်ပြ

Posted by drmyochit Monday, February 04, 2013, under | No comments




ယနေ့ နေ့လည်ပိုင်းတွင် တူ၊ တူမလေး နှစ်ယောက် ဂျာနယ် ကိုင်ပြီး လာမေးကြသည်။ ဒီကလေး စစ်သားတွေ က တကယ် လားတဲ့။ သတင်းကို ဖတ်ကြည့်လိုက်တော့ မြန်မာ့ တပ်မတော်မှ ကလေး စစ်သားများ စုဆောင်း အသုံးပြု ဆဲဖြစ်ကြောင်း လူ့အခွင့် အရေး အဖွဲ့ အစည်း တစ်ရပ်၏ အစီရင်ခံစာ ဖော်ပြ ဆိုသည့် သတင်းေ ခါင်း စဉ် ဖြင့် လူ့အခွင့် အရေး အုပ်စု တစ်စု၏ သတင်း အား ရေးသား ထားသည်။


သတင်းပါ အချက် များမှာ အစိုးရမှ တရားဝင် ဖြေရှင်းခဲ့ပြီး ဖြစ်ယုံသာမက နိုင်ငံတော်မှ တာဝန်ကြီး ထမ်းေ ဆာင် သူများမှ ရှင်းလင်းပြီး ဖြစ်သည်များကို တစ်ဖက်သတ် အမြင်ဖြင့် ရေးသား ထားသည် များကို ဖော်ပြ ခင်း ဖြစ်သည်။ ထိုထဲ တွင်မှ ဓာတ်ပုံမှာ အဖြူ အမည်းဖြင့် ကလေး စစ်သား များ လေ့ ကျင့် နေ သည့် ပုံ ဖြစ်နေ သ ည်။ ကလေးများ ကိုင်ဆောင်သည့် သေနတ်များမှ လွဲ၍ ကျန်သည့် ၀တ်စုံ အနေအထား၊ ဖိနပ်၊ ဦးထုပ် များ မှာ မြန်မာ့ တပ်မတော်နှင့် ခပ်ဆင်ဆင် ဖြစ်ချိန်တွင် တပ်မတော် သေနတ်များ အကြောင်း မသိသည့် ပြည်သူ များအဖို့ အထင် အမြင် လွဲမှားနိုင် ပေသည်။

ထိုသတင်း များထဲတွင်မှ နိုင်ငံမြောက်ပိုင်း၌ ကချင်လက်နက်ကိုင်များနှင့် စစ်ဆင်နေဆဲဖြစ်သည့် မြန်မာ တပ် မ တော်သည် စစ်သားများ တပ်ပြေးမှုနှုန်းမြင့်မားခြင်းကြောင့် လူသစ်များ စုဆောင်းရရှိရန် အဆက် မပြတ် လိုအပ် နေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည် ဆိုသည့် အချက်အားလည်း ရေးသားခဲ့သည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အလွဲအသုံးချ၍ တပ်မတော်ကို အပုပ်ချ ဝေဖန်သည့် အရေးအသားများကို မဟုတ်မှန်သည့် ဓာတ်ပုံ အသုံးပြု၍ ရေးသားခြင်းကို တာဝန်ရှိသူများ တစ်ခုခု ဆောင်ရွက်သင့်ပေသည်။ 
အကြောင်းအရာနှင့် ပတ်သက်၍ မိတ်ဆွေ တပ်ရင်းမှူး တစ်ဦးအား မေးကြည့်ရာ တပ်မတော် တပ်ရင်းများ အနေဖြင့် စစ်သားစုဆောင်းရေး တပ်သို့ တပ်သားသစ်များ ပို့ဆောင်ရာတွင် အသက်ပြည့်ပြီး မှတ်ပုံတင် လိုအပ် သည်၊ အသက်ပြည့်ပြီး မှတ်ပုံတင်သာမက မိဘအုပ်ထိန်းသူကိုယ်တိုင်(သို့မဟုတ်) ခိုင်လုံသည့် ကိုယ်ပိုင်ဆန္ဒပြု သည့် စာများ လိုအပ်ပြီး၊ ကျန်းမာကြံ့ခိုင်မှုများကို လက်တွေ့ စစ်ဆေးပြီး လက်ခံကြောင်း ၊ တပ်ရင်းတိုင်းမှ အရာရှိများကို ခေါ်ယူ၍ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်သည့် သင် တန်းများကို တက်ရောက်ထားရကြောင်း၊ ကလေးသူငယ်များကို တပ်ရင်းတွင် အသုံးပြုပါက ထောင်ဒဏ် အထိ ကျခံရကြောင်းတို့ကို ရှင်းပြပေးခဲ့သည်။

လက်တွေ့တွင်မူ နယ်စပ် တိုင်းရင်းသားလက်နက်ကိုင် တပ်များတွင် ကလေးစစ်သားများ အသုံးပြုေ နကြောင်း၊ ကချင်ပြည်နယ်တွင် လူသစ်များ အဓမ္မစုဆောင်းနေကြောင်းတို့ကို မြင်တွေ့ကြား သိနေသော် လည်း အဆို ပါ ဂျာနယ်တွင် ဖော်ပြခြင်းမရှိပေ။

အဆိုပါ ဂျာနယ်မှာ သမ္မတကြီးမှ စ၍ လွှတ်တော်တွင်း အစိုးရ အဖွဲ့ဝင်များ၊ တပ်မတော် ခေါင်းဆောင်ကြီး များ ကို facebook မှ စော်ကားနေသည့် ခွန်ဒီးယန်း(ခ)ဒီမို ဖက်တီး၏ ဂျာနယ်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်