Sunday, March 03, 2013

ဘာသာရေးအခြေခံတဲ့ အစိုးရဆန့်ကျင်ဆန်ဒပြမှု

Posted by drmyochit Sunday, March 03, 2013, under | No comments


ဘင်ဂလားဒေ့ရှ် နိုင်ငံမှာ ဘာသာရေး အခြေခံတဲ့ အစိုးရ ဆန့်ကျင် ဆူပူမှုတွေ အကြီး အကျယ် ဖြစ်နေ ပါတယ်။

ဘင်ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ၁၉၇၁ က လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှင်းပန်း နှိပ်စက်မှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂျာမတ် အီး အစ်စလာမ်မီး ပါတီ ခေါင်းဆောင် ဒဲလ်ဝါ ဟူစိန် ဆာရီဒ်အီ ကို ကြာသပတေးနေ့က သေဒဏ် ချမှတ်ခဲ့ပြီးနောက်မှာ သေဆုံးသူ ၆၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။


အစ်စလာမ်ဝါဒီ တွေ ကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်မှာ နိုင်ငံရေး ထိုးနှက်ချက် ပါနေတယ် လို့ စွပ်စွဲ ထားပြီး အစိုးရ ကတော့ ဒါကို ငြင်းဆို ထားပါ တယ်။ တရားရုံးရဲ့ သေဒဏ်ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီကနေ့ကစလို့ နှစ်ရက်ကြာ ဆန်ဒပြပွဲတွေ ဆင်နွှဲဖို့ ဂျာမတ် အီး အစ်စလာမ်မီး ပါတီက နှိုးဆော် ထားပါတယ်။

နှစ်ဘက် ရင်ဆိုင် တိုက်ခိုက်မှုတွေကြောင့် ၂၄ နာရီအတွင်း လူသုံးယောက် သေဆုံး သွားတယ်၊ ကျေးရွာသာျးတွဟာ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အလွန့် အလွန်ကို ဒေါသ ထွက်နေကြ တယ်လိုဖပ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တရားဥပဒေ စိုးမိုးမှုရှိအောင် ထိန်းသိမ်း နိုင်သလောက်တော့ ဆန်ဒပြပွဲတွေ ဟန့်တား နိုင်ပေမယ့် ဒါဟာ နိုင်ငံရေးနွှယ်တဲ့ ပြဿနာဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

မနေ့ ကလည်း ဘင်ဂလားဒေ့ရှ် နိုင်ငံမြို့တော် ဒါကာမှာ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက မျက်ရည် ယိုဗုံးတွေ၊ ရာဘာကျည်တွေ သုံးပြီး လူစု ခွဲခဲ့ရ ပါသေးတယ်။ မီးလောင်နေတဲ့ ဘတ်စ်ကားတစီး တွေ့ရသလို ရျဲတွက အခြေအနေကို ထိန်းသိမ်းနေတယ်လို့ မြို့ခံတယောက်က ဘီဘီစီကို ပြောပါတယ်။

အမေရိကန်နိုင်ငံကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို စိတ်ပူတယ်လို့ ပြောပြီး၊ ငြိမ်းချမ်းစွာပဲ ဆန်ဒပြကြဖို့ တောင်းဆို လိုက်ပါတယ်။

တကယ် တကယ့်ကျတော့ ဒုက်ခရောက်သူတွေထဲမှာ သာမန်ပြည်သူ တွေကတော့ ထိပ်ဆုံးက ဖြစ်ပါ တယ်။ အပြင်လည်း မထွက်ရဲ၊ ဝယ်စရာ ခြမ်း စရာရှိလည်း မဝယ်နိုင်ဖြစ်နေကြ ပါတယ်။ ရဲတပ်ဖွဲ့ဝင် တွေက ထိန်းထား နိုင်တဲ့ နေရာတွေမှာဆို လူတွေက ခြောက်ကပ် တိတ်ဆိတ် နေပြီး၊ နိုင်ငံခြားသား ကမ္ဘာ လှည့်တွေလည်း ပိတ်မိ နေတာတွေ ရှိပါတယ်။

BBC 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်