Sunday, March 03, 2013

ဗီယက်နမ်တွင် ရှိနေသော ဗုဒ္ဓဆင်းတုတော်ကြောင့် ဗုဒဘာသာဝင်များ ဒေါသပြင်းထန်စွာဖြစ်

Posted by drmyochit Sunday, March 03, 2013, under , | 1 comment


ကြာကလပ်ပေါ်တွင် စံပယ်တော်မူနေသော ဗုဒ္ဓ ဘုရား ရှင်၏ ဆင်းတုတော်ပေါ်သို့ အ၀တ်မဲ့ အမျိုး သမီး တစ်ဦး တင်ပြီး ဖက်ထားသည့် ဗီယက် နမ်နိုင်ငံ တွင် ရိုက်ထားသည့် ဓာတ်ပုံ တစ်ပုံကြောင့် အင်တာ နက် ဗုဒ္ဒဘာ သာ ၀င်များအကြားတွင် စိတ်တိုဒေါ သထွက်စရာများ ဖြစ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းတွင် ဖော်ပြ ထားပါ သည်။

အဆိုပါ ဓာတ်ပုံသည် Facebook ပေါ်တွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသားများမှ အဆိုပါ ပုံနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးကြကြောင်း ဖော်ပြထားသည်။


ပေးထားသည့် ကွန်မန့်များအရ ထိုင်းအာဏာပိုင်များအနေဖြင့် ထို ဆင်းတုတော်အား ရှာဖွေပြီး ဖျက်ဆီးသင့် ကြောင်း၊ ဗုဒဆင်းတုသည် ဗုဒဘာသာတို့၏ အလေးအမြတ်ထားရာ ဖြစ်သည့်အတွက် ဖြစ်ကြောင်း ရေးသား ထားသည်။

ပြီးခဲ့သည့် အပတ်များကလည်း ပြင်သစ် ဟိုတယ်တစ်ခုတွင် ရေအိမ်သုံး စက္ကူအား ဗုဒ ဦးခေါင်းတော်ပုံ ဖြင့် ပြုလုပ် သဖြင့် ထိုင်းလူမျိုးများ စိတ်ဆိုးခဲ့ပြီး ဘန်ကောက်ရှိ ပြင်သစ်သံရုံးမှ ဟိုတယ်မန်နေဂျာထံသို့ ကန့်ကွက် စာ ပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာ မီဒီယာများနှင့် မြန်မာ အင်တာနက်သုံးသူများကတော့ ပြည်တွင်း ဆူပူမှုများ၊ အစိုးရကို အပုပ်ချမှု များနှင့် နော်ခမ်း ကိစ္စဖြင့်သာ လုံးပန်းနေကြသည်။

1 comments:

အဲဒါဗီယက်နမ်မှာမဟုတ်ပါဘူးးထိုင်းနိုင်ငံ.မန်ပလောင်မှာပါ..

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်