စစ်တပ်မှ အုပ်ချုပ်ခဲ့စဉ်အတွင်း နယ်စပ်ဒေသ တစ်လျှောက် တွင် ဘိန်းမှောင်ခို၊ ကုန်မှောင် ခိုများဖြင့် လုပ်စားခဲ့ ကြသည်။ စစ်တပ်လည်း ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် လည်း ပါ သည်။ တိုင်းရင်းသား အမည်ခံ ဘိန်းမှောင် ခိုများလည်း ပါသည်။ ထိုအထဲတွင်မှ အချို့က အလင်း ၀င်ကြသည်။ အလင်းဝင် အဖွဲ့များတွင် ဘိန်း မှောင်ခိုများ ဖောဖောသီသီ လုပ်နိုင်သည့် ရှမ်းပြည် နယ် မှ လက်နက်ကိုင်များကတော့ ပို၍ ချမ်းသာ ကြသည်။ ၄င်းတို့ စခန်းများတွင် မြန်မာကျပ်ငွေများကို ဂိုဒေါင်ဖြင့် ထည့်ထားသည်။ ရိုက်ထုတ် လိုက်သည့် ငွေစက္ကူ မှန်သမျှ ထိုဂိုဒေါင်များ အတွင်းသို့ ရောက်သွားခဲ့ကြသည်။
ဒေသခံများလည်း သိသည်။ စစ်တပ်လည်း သိသည်။ အဖွဲ့အစည်းများလည်း သိသည်။ သို့သော် အပြန် အလှန် လုပ်စားမှုများကြောင့် အရေးမယူနိုင်ခဲ့။ ဒေသခံများက ငွေကြေးအရ၊ နီးရာဓားကြောက်ရသည် ဟု ဆိုမည်။ စစ်တပ်က ငြိမ်းချမ်းရေးကြောင့် ဟု အကြောင်းပြမည်။
အဖွဲ့အစည်းများကတော့ အဝေးတစ်နေရာမှ အသံစုံ ထွက်ပြသည်။
ထိုသို့နေရင်းမှ ဘိန်းဘုရင်များ အလင်းဝင်ခဲ့ကြသည်။ ငွေမည်းများ ပါလာကြသည်။ ကုမဏီများ၊ စီးပွားရေး လုပ်ငန်းစုကြီးများ တည်ထောင်ကြသည်။ သိန်း ၁ ထောင် ကုန်ကျမည့်လမ်းကို သိန်း ၁၅၀၀ ခန့် ကုန်သော် လည်း ဖောက်သည်။ ငွေများ မြန်မာနိုင်ငံတွင်း ပြန်စီးဝင်သည်။ ဘိန်းဘုရင် အဆင့်မှ ဦး ဘယ်သူ၊ ခွန် ဘယ်သူ စသဖြင့် နာမည်ကောင်းများ ရလာကြသည်။
ထိုသူများ၏ ငွေမည်းများကို စီးဆင်းရန်အတွက် စစ်တပ်မှ အကြီးအကဲများကို ပိုက်ဆံများ ပုံပေးကြသည်။ သိန်း ၁ ထောင်ခန့် ပြန်ရမည့် လုပ်ငန်းအတွက် လာဘ်ထိုးသည်က သိန်း ၅၀၀၊ အပိုကုန်ကျသည်က သိန်း ၅၀၀၊ စုစုပေါင်း သိန်း ၂ ထောင်ခန့် ကုန်သော်လည်း တရားဝင် ငွေဖြူ သိန်း ၁၀၀၀ ပြန်ရသည့်အတွက် လုပ်ကြသည်။
အဖက်ဖက်မှ စီးပွားရေး ပိတ်ဆို့မှုကို ခံထားရသည့်အတွက် နေရာတိုင်းတွင် ရင်းနှီးမြုပ်နှံမှု မလုပ်နိုင်ခဲ့သည့် အစိုးရအတွက် ထိုနည်းလမ်းသည် ဖြေရှင်းမှု တစ်မျိုးဟု ဆိုနိုင်သည်။ ထိုနည်းလမ်းကို မရွေးချယ်ပါက စစ်တိုက် ယုံသာ ရှိတော့သည်။ စစ်တိုက်လျှင် အသက်တွေ ပေးဆပ်ရမည်။ တိုင်းပြည်ငွေတွေ ပေးဆပ်ရမည်။ အရပ် သား ပြည်သူများ ထိခိုက်မှု ခံစားရမည် ဖြစ်သည်။ သို့ပါဆိုလျှင် ဘိန်းဘုရင်များကို လက်နက်စွန့် စေခဲ့သည်ကို အပြစ်တင်ရမည်လား။ ဘိန်းဘုရင်တို့၏ ငွေများကို ပြည်တွင်း ဆောက်လုပ်ရေးများတွင် စီးဝင်ခြင်းကို ကန့်ကွက် စေမည်လား။
ထိုနည်းလမ်းဖြင့် ယခင်အစိုးရ အဖွဲ့မှ လူများ ချမ်းသာခဲ့ကြသည်။ သိန်း ၁ ရာခန့် ရသည့်သူမှ ခြံတစ်ကွက် ၀ယ် ပြီးနောက် တက်လာသည့် ခြံမြေဈေးအရ သိန်း ၂ ရာ ပိုင်ဆိုင်လာသည်။ တဖြည်းဖြည်း အချိန်ကြာ လာသည်နှင့် အမျှ ချမ်းသာလာသော လူများကို ကြည့်ကာ မနာလိုသူများ ရှိလာကြသည်။ တရားစွဲ ရအောင် လည်း တရားစွဲ စရာ အကြောင်းမရှိ။ တရားစွဲနိုင်လောက်သည့် အရည်အချင်းများလည်း မရှိကြ။ ထို အတွက် အသံသာကျယ်ပြီး အစိုးရ မကောင်းကြောင်း၊ စစ်တပ်မကောင်းကြောင်းတို့သာ တွင်တွင်ပြောကြ သည်။
ပြီးခဲ့သည်များမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ယခင် ဘိန်းဘုရင်များလည်း ယခု စီးပွားရေး သမားကြီး များ ဖြစ်ကုန်လေပြီ။ ၄င်းတို့ ကြီးစိုးရာ ဒေသများတွင် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နိုင်ပြီ ဖြစ် သည်။ ၄င်းတို့ကိုယ်ကျိုးအတွက် ရှာခဲ့သည်များလည်း တိုင်းပြည်၏ တည်ဆောက်ပြုပြင်ရေး လုပ်ငန်း စဉ်များတွင် ၀င်ခဲ့ ပြီး ဖြစ်သည်။
ကျွန်တော်တို့ ဘယ်သူ့ကိုမှ ကျေးဇူးတင်ရန် မလိုပါ။ ဘယ်သူ့ကိုမှလည်း အပြစ်ဆိုရန် မရှိပါ။ ခေတ်စနစ် တစ်ခု တွင် အကျိုးဖြစ်ထွန်းခဲ့ကြသည်ဆိုပါက ထိုသူများသည် သူတို့၏ ကံတရားက ဆန်းပြားစွာ ဖန်တီးပေးခဲ့သည်ဟု သဘောထားပြီး လက်ရှိအချိန်တွင် နားလည်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ တိုင်းပြည် တိုးတက် စေနိုင်တော့ မည်သာ ဖြစ်ပေတော့သည်။
OPP
0 comments:
Post a Comment