Sunday, March 03, 2013

မြန်မာအသင်း ထင်ထားသည်ထက် ပိုကောင်းခဲ့ဟု ဂူအမ် နည်းပြဖွင့်ဟ

Posted by drmyochit Sunday, March 03, 2013, under | No comments


မြန်မာ အသင်းအား အဖွင့်ပွဲစဉ်တွင် ၅ဂိုးပြတ် အရေး နိမ့်ခဲ့ ပြီးနောက် ဂူအမ်အသင်း နည်းပြချုပ် မစ္စတာ ဂယ်ရီဝိုက်စ်က မိမိ ထင်ထားသည်ထက် မြန်မာ အသင်း ကစားပုံ ပိုကောင်းခဲ့သည်ဟု ဖွင့်ဟ ၀န်ခံ ခဲ့ သည်။

"မြန်မာအသင်းကို ဂိုးပြတ် ရှုံးရမယ်လို့ မထင်ခဲ့ဘူး။ သူတို့ ထင်ထားတာထက် ပိုကောင်းခဲ့ပါတယ်။ မြန်မာအသင်းက ကစားပုံ ကောင်းမွန်ခဲ့သလို နည်းစနစ်လည်း ကျခဲ့တာကြောင့် ကျွန်တော်တို့ ရှုံးခဲ့ရတာပါ။ ဒုတိယပိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အိန္ဒိယနဲ့ ပွဲအတွက် ပိုပြီး ပြင်ဆင်ရမှာ ဖြစ်သလို ဒီပွဲအရှုံးကြောင့် စိတ်ဓာတ်ကျနေမှာ မဟုတ်ပါဘူး။ အကောင်းဆုံး ဒုတိယ အသင်းအနေနဲ့ နောက်တစ်ဆင့် တက်ရောက်ဖို့ ကြိုးစားမှာပါ" ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


မြန်မာအသင်းသည် ဂူအမ်အသင်းအား စိုးမင်းဦး၊ ကြည်လင်း၊ ပြည့်ဖြိုးအောင်၊ ပိုင်စိုး၊ ကျော်ဇေယျာဝင်း တို့၏ သွင်းဂိုးများဖြင့် ဂိုးပြတ် အနိုင်ရကာ အုပ်စုတွင်း ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။ ထိုကဲ့သို့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် အသင်း၏ နည်းပြချုပ် မစ္စတာ ပတ်ဆောင်ဟွာက "ဂိုးမရတာ ကြာခဲ့ပြီး အခုလို ဂိုးပြတ် အနိုင်ရလို့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေက လက်ခုပ်တီးပြီး ကြိုဆိုတာကို ၀မ်းမြောက်မိပါတယ်။ ကစား သမားတွေ အနေနဲ့ ညွှန်ကြားချက် အတိုင်း ကစားနိုင်ခဲ့လို့ အခုလို နိုင်ပွဲရခဲ့တာပါ" ဟု ပြောကြား ခဲ့သည်။

ဆက်လက်၍လည်း "အခုလို နိုင်ပွဲရခဲ့ပေမယ့် နောက်ပွဲစဉ်တွေ အတွက် ပိုမို ကောင်းမွန်အောင် ပြင်ဆင် ရဦးမှာပါ။ အသင်းမှာ ၀ါရင့် ကစားသမားတွေ ဖြစ်တဲ့ စိုးမင်းဦးနဲ့ ပိုင်စိုးတို့ကို ပွဲစကတည်းက ထည့်သွင်း ခဲ့တာက သူတို့ နှစ်ဦးစလုံး လေ့ကျင့်ချိန်မှာ အကောင်းဆုံး ခြေစွမ်းပြ ကြိုးစားခဲ့လို့ပါ။ တရုတ် (တိုင်ပေ)နဲ့ ပွဲအတွက် ဘယ်လို ရလဒ်မျိုး ထွက်ပေါ်မလဲ ဆိုတာကိုတော့ ကြိုမပြောလိုပါဘူး။ ကစားသမားတွေ ကြိုး စားပြီး ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်နိုင်မယ် ဆိုရင် ရလဒ်ကောင်းတွေ ထပ်ရမှာပါ" ဟု ပြောကြား ခဲ့သည်။

Ref: Myanmar National League

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်