Sunday, March 03, 2013

ရန်ကုန်- ထားဝယ် အမှတ် (၁၇၆) အစုန် အမြန်ရထား တိမ်းမှောက်

Posted by drmyochit Sunday, March 03, 2013, under | No comments


သထုံ မတ် ၂

ယနေ့ နံနက် ၄ နာရီ ၄၈ မိနစ်ခန့်တွင် စက်ခေါင်းမောင်း ဦးသန့်ဇော်ဝင်း မောင်းနှင်လာသော အမှတ် (၁၇၆) အစုန် ရန်ကုန်- ထားဝယ် လူစီးအမြန် ရထားသည် မွန်ပြည်နယ် ကျိုက်ထို မြို့နယ် မုက္ခမူ ကျေးရွာ ရထားလမ်း မိုင်တိုင်အမှတ် (၉၃/ ၁) နှင့် (၉၃/ ၁၆) အကြားတွင် ပထမတန်း တွဲအမှတ် BDFEZ - ၁၂ဝ၄၄ ၏ ဝဲဘက်ခြမ်းရှိ ဘီးအမှတ် ၃၄၅၆ မှာ တိမ်းချော်၍ ၎င်းတွဲနှင့် နောက်ဆုံးတွဲ (တွဲထိန်းတွဲ) အမှတ် BDFEZ - ၁ဝ၅၆ဝ တို့မှာ ဝဲဘက် အခြမ်းသို့ တုံးလုံး လဲကျကာ  လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။


ရထား တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိ ကြောင်းနှင့် မြန်မာ့ မီးရထားမှ တာဝန်ရှိ သူများက ခရီးသည်များ ဆက်လက် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခြင်းနှင့် တွဲများ ပြန်လည် မတင်ကာ ရထားများ ပုံမှန် ပြေးဆွဲနိုင်ရေး တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။       

မြ၀တီ                      

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်