Sunday, March 03, 2013

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း မင်းရဲကျော်စွာလမ်းကို ယာယီပြောင်းရွှေ့

Posted by drmyochit Sunday, March 03, 2013, under | No comments


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီ ယာဉ်ရောင်း ဝယ်ရေးစခန်းကို ဒဂုံမြို့နယ်၊ မင်း ရဲကျော် စွာလမ်းမှာ ယာယီစခန်းအဖြစ် ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောင်းရွှေ့ ဖွင့် လှစ် လိုက်ပါ တယ်။

အခုလို ယာယီပြောင်းရွှေ့ပေးထားပေမဲ့ အဲ့ဒီနေရာကို သေချာတဲ့ စီမံချက်နေရာတစ်ခုဖြစ်စေချင်တယ်လို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဌ ဦးမင်းကိုမြင့်က RFA ကို ပြောပါ တယ်။


" ယာယီဆိုတဲ့အခါကျတော့ အဲ့ဒီကနေတစ်ခါ ဘယ်ကိုပြောင်းရမှာလဲ၊ ပြောင်းရွှေ့သွားတဲ့နေရာကို ဘယ် လိုပုံစံ မျိုးနဲ့ ပြန်ပေးမှာလဲ၊ သေချာတဲ့ အစီအစဉ်တွေနဲ့ ပြောင်းပေးပါ၊ ကျွန်တော်တို့ ကတိကဝတ်တွေနဲ့ လိုချင် တာပါ၊ မင်းရဲကျော်စွာဆိုရင်တော့ ကောင်းမွန်တဲ့အစီအမံတွေနဲ့ ဆိုရင်တော့ ကျွန်တော်တို့ ကန့်ကွက် စရာအကြောင်းမရှိပါဘူး"

မူလက အဲဒီကားဝင်းကို အလုံမြို့နယ် သီရိမင်္ဂလာဈေးဟောင်းနေရာကို ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ က စီစဉ်ထားပေမဲ့ ကားဝင်းကို အမှီပြုပြီး စီးပွားရေးလုပ်ကိုင်နေကြတဲ့ ကားပွဲစားတွေ၊ ဈေးသည်တွေ၊ ကားရေဆေးသမားတွေက သဘောမတူဘဲ ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် အခု မင်းရဲကျော်စွာ လမ်းမှာ ယာယီယာဉ်ရောင်းဝယ်ရေးစခန်းအဖြစ် လုပ်ကိုင်ခွင့်ရခဲ့တာလို့ ကားပွဲစားတွေက ပြော ပါတယ်။

RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်